"Hello မမ"
အခန်းထဲကို မမရောက်လာတာနဲ့ ခခ တန်းပြီးနှုတ်ဆက်လိုက်သည်။
"ဟယ်...ဘာမှမဖြစ်ဘူးလား..."
"ဟဲဟဲ ဟုတ်မူးလဲချင်ယောင်ဟန်ဆောင်လိုက်တာ သွားမပြောပါနဲ့နော်"
"ဘာဖြစ်လို့လဲ ဘာလို့အခုလိုလုပ်တာလဲ"
"အဲ့ဒါကဒီတိုင်း ခခနားချင်လို့လေနောက်ပြီ ခခကိုကျောင်းတက်ဖို့ဆွေးနွေးဖို့ရှိတယ် အဲ့ဒါနည်းနည်းကူညီပါနော် ခခကျောင်းတက်ချင်သေးတယ်နော်မမ"
"အင်းပါ...ယသော်ပြောပေးပါမယ်"
"မမနာမည်ကယသော်လား ခခနာမည်ကချစ်ခွန်းခပါ"
"အင်း ယသော်သိပါတယ် သွားလိုက်အုန်းမယ်နော်"
"ဟုတ်ကဲ့"
"စင်ဒီပြန်တော့...ဂျိမ်းကိုလိုက်ပို့ခိုင်းလိုက်မယ်"
"ဟာ ကိုကို စင်ဒီက ကိုကိုနဲ့အပြင်သွားဖို့လာတာလေ ကိုကိုကအခုဘာလုပ်တာလဲ ကိုကိုနော်စင်ဒီကိုတောင် ဂရုမစိုက်တော့ဘူးနော်"
"အဲ့လိုမဟုတ်ပါဘူးကွာ ကိုယ်မအားလို့ပါနော် ဂျိမ်း စင်ဒီကိုလိုက်ပို့လိုက်"
"ဟုတ်ကဲ့ သခင်လေး"
စင်ဒီနဲ့ဂျိမ်းထွက်သွားပြီးအနားကို ယသော်ရောက်လာခဲ့သည်။
"ယသော်...ဘာဖြစ်တာလဲခြေနေ"
"ဟို နည်းနည်းစိုးရိမ်စိတ်တွေကြောင့်ဖြစ်တာပါဟ "
"ဘာစိုးရိမ်စိတ်လဲ"
"အဲ့ဒါနင်မေးကြည့်လေ နင့်မိန်းမပဲ နင့်မိန်းမကစိုးရိမ်စိတ်တွေများတာတို့ကြောက်လန့်တာတို့ဆိုအခုလိုတွေဖြစ်လာမှာနော် ဂရုစိုက်အုန်း"
စစ်သွေးမာန် လေပူတစ်ချက်မှုတ်ထုတ်ပြီး ယသော်ကို ပြန်ကြည့်လိုက်သည်။
"အေ့ပါ ကားပါလာတယ်မလား"
"အေ သွားပြီနော်"
"အင်အင်"
စစ်သွေးမာန် ယသော်ပြောသွားတဲ့စိုးရိမ်စိတ်တွေဆိုတာကျောင်းမတက်ရမှာဆိုးလို့လား ဟိုကောင်နဲ့မတွေ့ရမှာဆိုးလို့လားတစ်ခုခုပဲလေ.....
VOUS LISEZ
လျှို့ဝှက်သောချစ်ခြင်းတရား(Complete)
Roman d'amour(Unicode+Zawgyi) မင်းဦးလေးငါ့ဆီမှာတင်နေတဲ့အကြွေးကိုမင်္ဂလာပွဲနဲ့ကြေလိုက်ပြီးငါ့ဇနီးမယားနေရာမှာထားမယ်မထင်လိုက်နဲ့နော်....ငါ့အိမ်မှာမင်းကအစေခံနဲ့မခြားမနားပဲ....ချစ်ခွန်းခ....မင်းကငါငွေနဲ့ဝယ်ထားတဲ့ကျွန်သာသာပဲ....ငါ့ဆီကမင်းလွှတ်မြှောက်မှာမဟုတ်ဘူး..... ...