Part(23)

9.5K 239 8
                                    


"အကိုဂျိမ်း...."

"နွေးစံ...ဘယ်လိုလုပ်ဒီကိုရောက်လာတာ....နောက်ပြီးသူကကော"

          
               နွေးစံရောက်လာတာကိုရုတ်တရပ်အံသြသွားပင်မယ့်...နွေးစံနဲ့ပါလာတဲ့သူကြောင့်စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတော့အမှန်ပင်

"နွေး....ခခနဲ့လာတွေ့တာနောက်ပြီးဒါက...နွေးရဲ့သူငယ်ချင်းလဲပြောလို့ရပါတယ်...ကိုမိုးစက်တဲ့...ဝင်လို့ရတယ်မလား"

"အင်း.....ရပါတယ်"


                 ခခ အပေါ်ထပ်ကနေလှမ်းကြည့်လိုက်တော့....နွေးနဲ့မိုးစက်ကိုတွေ့တော့ ခခအောက်ထပ်ကိုအမြန်ပြေးဆင်းလာခဲ့လိုက်သည်။

"ဘာလို့ပြေးဆင်းလာတာလဲ...သတိလေးဘာလေးထားပါအုန်းကွာ"

"ရှင် ဘာတွေစိတ်ပူနေတာလဲ...ကျွန်မဘာသာပြေးချင်ပြေးမယ်မပြေချင်မပြေးဘူးရှင့်အပူပါလား"

                 မာန် သူမကိုပြန်ပြောမလို့ပဲရှိသေးတယ်...သူကအရေးမစိုက်သလိုနဲ့အိမ်အပြင်ကိုထွက်သွားခဲ့သည်။

"နွေး....."
   
            ခခ နွေးနာမည်ကိုအော်ခေါ်ပြီးပြေးဖက်လိုက်၏။

"ခခ...."

"အင်း....မိုးစက်လည်းပါလာတာလား....လာလေအိမ်ထဲဝင်ကြမယ်"

"အင်း"

             ယောကျာ်းလေး အသံတွေကြားနေတာကြောင့်အပေါ်ထပ်မတက်ပဲ...ဧည့်ခန်းထဲမှာပဲထိုင်နေပြီးအခြေနေကိုစောင့်ကြည့်နေလိုက်သည်။မိမိကိုမြင်တော့ဧည့်ခန်းဝမှတင်ရပ်နေတဲ့ချစ်ခွန်းခကိုစိတ်တိုမိတာအမှန်ပင်....

"ဘာရပ်လုပ်နေတာလည်း ဝင်လာခဲ့လေ"

"ကျစ်"

         ခခမကျေနပ်သလိုလုပ်ပြီးတော့ဝင်လာခဲ့တယ် ဘာလုပ်နေလည်းမသိဘူး....

"အကိုစစ်သွေးမာန်....မတွေ့တာကြာပြီနော်"

"အင်း....ဒါနဲ့သူကဘယ်သူလဲ"

              မာန်  မိုးစက်ကိုကြည့်ပြီးမေးလိုက်တာကြောင့်....

"မိုးစက်ပါ....Bloodသခင်လေး"

"အော်....."

    
           မာန် စိတ်ထဲမှာဒီအသံနဲ့ရင်းနှီးနေသလိုခံစားနေရတာတော့အမှန်ပင်...

လျှို့ဝှက်သောချစ်ခြင်းတရား(Complete)Onde histórias criam vida. Descubra agora