ကြီးကျယ်ခန်းနားတဲ့ ဖိတ်ဖိတ်တောက်နေတဲ့
ဟိုတယ်ကြီးအတွင်းမှာ လူတေရှုပ်ရှက်ခတ်လို့ စည်ကား
သိုက်မြိုက်နေလေရဲ့လူကုံထန်အသိုင်းအဝိုင်းရဲ့ ကြွားဝါမှု
အပြည့်နဲ့ သမ္မတ မိသားစုနဲ့ရင်းနှီးဖို့ အစွမ်းကုန်ကြိုးပမ်းနေကြတဲ့ပွဲ တခု...!!ကျွန်တော် နဲ့ ကိုကို စတွေ့တဲ့နေရာလေးပေါ့
အချိန်တွေနောက်ပြန်ဆုတ်လို့ရရင် ကောင်းသောတွေ့ဆုံခြင်းနဲ့ပဲတွေ့ချင်ပါတယ် ကိုကိုရယ်...!!ကိုယ်ရံတော်တွေက ဘယ်ရောက်နေတာလဲ??
သခင်လေး ရှောင်းကျန့်မလာခင် အကုန်နေရာယူထားရမှာလေ ....ဟိုဖက်က တစ်ယောက်ခုမှအသစ်ဝင်လာတာလား?
သမ္မတ သားကို စောင့်ရှောက်ရမှာ ပေါ့ပေါ့တန်တန်လုပ်နေမယ်ဆို အလုပ်ထွက်ထားလိုက်...
သက်တော်စောင့် တွေကိုအုပ်ချုပ်တဲ့ ချူမင်ဟန်
တယောက် သခင်လေးရှောင်း မလာခင် ကြိုပြောရတာနဲ့
အာပေါက်နေလေရဲ့....ရှောင်းသမ္မတ ကတော်ရဲ့ မွေးနေ့ပွဲဆိုတော့
ဘယ်အရာမှ ပေါ့ဆလို့မဖြစ် သမ္မတာမိသားစုရဲ့လုံခြုံမှု
က အရေးကြီးတယ်လေ..အထူးသဖြင့် သမ္မတက
တစ်ဦးတည်းသော သားလေးကိုသိပ်ချစ်ရှာတာ နဲနဲမှ
စိတ်ဆင်းရဲမခံနိုင်အောင် အလိုလိုက်တော့ သခင်လေးရှောင်း က ဆိုးတယ်...!!မား....ရှောင်းက လာမှာသေချာလား မလာရင်
ကျွန်တော်ပြန်တော့မှာ မား..တို့ပွဲက ပျင်းစရာကြီး
ယွီပင်း တစ်ယောက် ရှောင်းကိုအပိုင်ရဖို့အရေး အစွမ်းကုန် ကြိုးစားဖို့ ဒီပွဲကို သူ့အမေနဲ့လိုက်လာခြင်း ဖြစ်တယ်သားရယ် နေပါဦး ရှောင်းက လာမှာပါ အဆိုးလေးက သူ့အမေ့ကိုချစ်တာမှတုန်လို့ ခနစောင့်ပါဦး..
ဟော..ပြောရင်းဆိုရင်း ကိုယ်ရံတော်တွေ အလုပ်ရှုပ်နေတယ် လာပီ ထင်တယ်....သူ့အမေပြောတဲ့ဘက်ကို ယွီပင်းလှမ်းကြည့်လိုက်တော့ တစ်ကိုယ်လုံး All Blackနဲ့ ရှောင်းက လျှောက်လမ်းပေါ်မှာ စမတ်ကျကျ လမ်းလျှောက်လာတာမြင်
ရတယ် ဝိုး....စမတ်ကျလိုက်တာ ရှောင်းရယ် ကိုယ်ပိုင်ဆိုင်ချင်တာ အပြစ်မဟုတ်ဖူး ထင်တယ်
YOU ARE READING
Stay With Me Bae🤎
Short StoryXiao Zhan>>>> Bae ကိုကို့ကိုကြည့်နေပေး ကိုတျောက်ထဲကိုပဲကြည့်နေပေးရင် ရပီ Wang YiBo>>>> ကျွန်တော့ကို သနားတာဆိုရင် ကျေးဇူးပြုပီး ထွက်သွားပေးပါ ယွီပင်း>>>> တဖက်သတ်ဖြစ်ဖြစ် ကိုယ်ပိုင်ရမှဖြစ်မယ် အချစ်မှာမတရားတာမှမရှိပဲ