Part-3

706 52 7
                                    


         ဆေးရုံ ၁ရုံရဲ့ VIPခန်းထဲမှာ ဆရာဝန်တွေပြာယာခတ်နေလေရဲ့ သမ္မတကြီးသားကိုယ်တိုင်ပွေ့ချီပီး ကုတင်ပေါ်တင်ပေးလိုက်တဲ့ကောင်လေး...ဖြူဥနေတဲ့အသားအရေနဲ့ နုနုဖတ်ဖတ်လေး ..

          ရှောင်ကျန့်က မထိရက်မကိုင်ရက်သလို စုတ်တသတ်သတ်နဲ့ သူ့ကလေးအနားကမခွာတော့ ဆရာဝန်
တွေမှာ ကုရမှာ ခပ်လန့်လန့်ရယ် မတော်လို့မှားသွားရင်
သူတို့ အသက်ပါ သွားနိုင်သည်လေ..

           'ထိခိုက်ဒဏ်ရာကအသက်တော့ မစိုးရိမ်ရပါဖူး
ဦးခေါင်းကိုတော့ ဓာတ်မှန်တော့ ရိုက်ရဦးမယ်'

           လိုအပ်မယ်ထင်တာတွေ အကုန်စစ်ဆေးလိုက်ပါ
ကျသင့်သလောက်ငွေကို  အကုန်ရှင်းပေးမယ်

            ရိပေါ်လက်လေးကိုဆုပ်ကိုင်ထားရင်း ကုတင်ဘေးမှာ သူ့ကောင်လေးကိုတစိမ့်စိမ့်ကြည့်နေတဲ့
ရှောင်းသခင်လေးကို ကိုယ်ရံတော်တွေက အံ့ဩပီး
ပါးစပ်တောင်မပိတ်နိုင်ဖူး..

           ပုံမှန်ဆိုအမြဲသောင်းကျန်းတတ်တဲ့ သူတို့ သခင်လေးမှာလဲ ဒီလိုဘက်ခြမ်းရှိပါသေးလားဆိုပီး...
ချစ်တတ်လိုက်တာ ငါတို့သခင်လေးက..
            ရိပေါ်ကိုဆရာဝန်တွေ စစ်ဆေးပီး ရှောင်ကျန့်နဲ့ဆွေးနွေးဖို့ အခန်းထဲကိုခေါ်သွားချိန် ရိပေါ်လက်ကလေးတွေလှုပ်လာတယ်...

             အင့်......
             ကိုယ်ရံတော်တွေခင်ဗျာ ရှောင်ကျန့်ကို ပြေးခေါ်ရတော့တယ် သူတို့ သခင်ပေါက်စလေးက နိုးလာပီဆိုတော့
သခင်လေးရှောင်း ရှိမှဖြစ်မှာလေ...
           
          သခင်လေး ....အကိုလေးနိုးလာပါပီ...!!ဆိုတဲ့အသံကြားတာနဲ့  ရှောင်ကျန့်တျောက် ဆရာဝန်စကားတောင်
ဆုံးအောင် နားမထောင်ဘဲ ရိပေါ်ဆီပြေးတော့တယ်....

              ရိပေါ် နိုးလာလာချင်း တကိုယ်လုံးနာကျင်နေတာပဲသိတယ်...မျက်လုံးဖွင့်ကြည့်တော့ အခန်းထဲမှာ မှောင်မဲနေတယ် အသံတေကြားနေရပေမဲ့ ဘယ်နားကမှန်းမသိ..

           ရိပေါ် ဆေးရုံရဲ့ အနံ့အသက်တွေ ရတာမို့ ထပီး ထိုင်ဖို့ကြိုးစားလိုက်တယ် ..ရှောင်ကျန့်အခန်းထဲကိုဝင်လာလာချင်း သူ့ကလေးလေး ထိုင်ဖို့ ကြိုးစားနေတာမြင်တာနဲ့ အပြေးသွားပီးပွေ့ထူပေးလိုက်တယ်...

Stay With Me Bae🤎Where stories live. Discover now