Part-8

606 41 5
                                    



ရှောင်းကျန့် အောက်ထပ်ကို ယွီပင်းကို တွဲပီး ဆင်းလာပေမဲ့ စိတ်က အခန်းထဲက ကလေးလေးဆီမှာကျန်ခဲ့တယ်
သူအထင်လွဲမှာကို စိတ်ပူပီးတုန်ယင် နေတဲ့ ကလေးလေး
ကို သူ့မှာ ပြေးပီးထွေးပွေ့ချင်ပေမဲ့ ဧည့်သည်က ရှိသေးတယ်လေ

ယွီပင်း ရှောင်းရှေ့မှာ အမူရာပိုပိုနဲ့ဟန်လုပ်ထားရင်း
စိတ်ထဲတော့ ဝမ်ရိပေါ် ကိုမုန်းလွန်းလို့ ချက်ချင်းတောင်
ပျောက်ကွယ်သွားစေချင်တယ် ဒီ့ကောင်ကို ရှောင်းတော်တော် ကြွေနေပုံပဲ မြင်နေရတဲ့ပုံအရ....

"ရှောင်း ...... ဝမ်ရိပေါ်က ရှောင်းအပေါ်မှာရော
အဲ့လိုပဲလား??သူကစိတ်တိုလွယ်လားဟင်? ကိုယ်ကြောက်လိုက်တာ"

ယွီပင်း အတွက်က ခုချိန်မှာ ရှောင်း ဝမ်ရိပေါ်ကိုမုန်းဖို့ နည်းမျိုးစုံနဲ့ကြိုးစားကြည့်ရမယ် ရှောင်းကို ပိုင်ဆိုင်ရမှာ သူပဲဖြစ်ရမယ်..

ဝမ်ရိပေါ်လေးက ခါတိုင်းဒီလိုမဟုတ်ပါဖူး သူစိမ်းမို့လို့ကြောက်တာနေမှာ ကိုယ်ကပဲတောင်းပန်ပါတယ်နော်
လာ ဒဏ်ရာကို ဆေးထည့်ရအောင်နော် တော်ကြာ
အိမ်ပြန်သွားရင် လူကြီးတေစိတ်ပူနေမယ်

ဒီလို စိတ်သဘောထားကြီးတဲ့ အမျိုးသားလေးက ကိုယ့်အပိုင်ဖြစ်လာဖို့ နီးနေခါမှ ဒီ အနှောက်အယှက်ကောင်က ပေါ်လာတယ်..."နင် က သေသွားမှအေးမှာပဲ
ဝမ်ရိပေါ်"...

ယွီပင်းကို ဆေးထည့်ပေးဖို့ အိမ်အကူကောင်မလေးတေနဲ့လွှဲခဲ့ပီး အိမ်ပေါ် ပြန်တက်ဖို့လုပ်တယ်

ရှောင်း.....ကိုယ့်ကို မထားခဲ့ပါနဲ့....ရှောင်းလက်ကိုဆွဲထားပေမဲ့ ရှောင်းက လက်ကို သာသာလေးဖြုတ်ချတယ်....

ကိုယ် သူ့ဆီခနသွားမှဖြစ်မယ် ...သူကြောက်နေမယ်ထင်လို့ ဆေးလိမ်းပီးရင် အနားယူလိုက်ဦး ကိုယ့်ဒရိုင်ဘာ အိမ်ပြန်ပို့လိမ့်မယ်...ကိုယ် ပြန်လိုက်မပို့တော့ဖူးနော်
ဂရုစိုက်ပြန်ပါ

အလိမ်မာသုံးပီး ကိုယ့်ကိုရှောင်ထွက်သွားတဲ့ ရှောင်းကို စိတ်တိုပေမဲ့ အပြစ်တော့မမြင်ရက်....

အခန်းထဲကို ဝင်လိုက်တော့ ဖန်ကွဲစကို မမြင်မစမ်းနဲ့
လိုက်ကောက်သိမ်းနေတဲ့ ကလေးလေး .....

Stay With Me Bae🤎Where stories live. Discover now