Episode - 3

2.4K 155 5
                                    

Unicode

" ငါ လွတ်​ေတာ့ လွတ်သွားတယ် ဒါပေမဲ့ ဘယ်နားလွတ်သွားသလဲ မသိဘူး "

အခုဆိုရင်ဖြင့် သကောင့်သားတေးဥသြရှေ့မှာ
ချစ်စရာအလွန်ကောင်းပြီး အပြစ်ကင်းစင်သော
သူလေးဖြစ်သည့် သားသားဝင်းသလက်ကလေး ထိုင်နေရပါသည်။ ငတေးဥသြက ဝင်းသလက်ကို
ပြူးကြည့်နေပြီး  ' ငါ သိတယ်နော် ' ဆိုသည့် မျက်နှာဘေးဖြင့် ကြည့်ခံနေရသည်ဗျာ။
သူ ဘာလွတ်သွားသလဲ သားသားဝင်းသလက်လည်း သိဘူးဗျ... ။
သိတဲ့သူများ လာပြောပြပေးလိုက်ကြပါအုံးဗျာ ။

" ငဝင်း ငဝင်း ငါ့ကို ဘာမှမသိတဲ့ နလပိန်းတုံးလို့ ထင်နေတာလား "

'အင်း' လို့ စိတ်ထဲ ကုန်းအော်လိုက်သည်...။

" ဘယ်ကသာ ကွာ မင်းကလဲ မင်းက ငါတို့ထဲမှာ
အတော်ဆုံး နော့် ငစိုးစံ ငဝိုင်းဖြိုး "

ဝင်းသလက် စစ်ကူခေါ်လိုက်တော့ ဟိုနှစ်ကောင်ကလည်း အားရပါးရ ခေါင်းညိမ့်ကြသည်။
ဒါကို ငတေးဥသြက သိပ်ကျေနပ်ပုံမရ။

" ငဝင်း မင်းနဲ့ ကိုပြေဝေကြီးက....."

" ဘာလဲ ဘာမှ မဟုတ်ဖူး "

" ငါလည်း ဟုတ်ပါတယ်လို့ မပြောရသေးပါဘူးကွာ ဘယ်လိုဖြစ်လို့ အတင်းတွေ ငြင်းနေတာလဲ
ရိုးရော ရိုးရဲ့လားကွာ "

အဲ့သတောင်းစားတေးဥသြကလေ ပြုံးစိစိကြီး
လူကို လာကြည့်နေတာဗျ ။
ဘာမှမဟုတ်လို့ ဘာမှမဟုတ်ဖူးပြောတာကို
ရိုးရော ရိုးရဲ့လားတဲ့ ။
အေးဟေ့... ငါ့ဘက်က မရိုးတော့ဘူးဟ။
သူ့ဘက်ကတော့ မသိဘူး......။

" အတန်းသွားတတ်တော့မယ် မင်းတို့ နေခဲ့တော့"

ငတေး၏ မေးခွန်းတွေကို ထပ်မကြားလို မဖြေလိုတော့သည်မို့ ထ ထွက်လာလိုက်တော့သည်။
ဝင်းသလက် ကိုပြေဝေကြီးအပေါ်ကို မရိုးတော့တာ အရမ်းများ သိသာနေသလားဟင်။
ဘေးလူတွေတောင် သိနေတာ ကိုပြေဝေကြီးကရော.....။
သိမဲ့ပုံ မပေါ်ပါဘူးဗျာ...။

ဝင်းသလက် ကိုပြေဟေ့အပေါ် ရိုး မရိုးကို
ဟိုတစ်နေ့ကမှ သေချာစွာ နားလည်ခဲ့သည်။
အဲ့နေ့က ကျောင်းကော်ရစ်တာမှာ ဝင်းသလက်
အတန်းကိုသွားနေစဥ် အရှေ့ကနေ ကိုပြေဝေနှင့်
မိန်းကလေးတစ်ယောက် စကားပြောလာနေသည်။ နှစ်ယောက်သားပြုံးပျော်နေလိုက်ကြတာ ဝင်းသလက်ကိုတောင် မမြင်ဘူးလေ။
ဲအဲ့အချိန် ဝင်းသလက် ရင်ထဲ တကယ်ကိုနေလို့မရခဲ့။ ဝမ်းနည်းစိတ်ကြီး အလုံးအရင်းဝင်လာသည်မို့ အတန်းမတတ်တော့ပဲ အိမ်ကိုသာ ပြန်ခဲ့လိုက်သည်။
ဟိုသုံးကောင်မေးတာတောင် ပြန်မဖြေနိုင်ခဲ့ဘူး။
ဝင်းသလက် အဲ့လောက် အိန္ဒြေတွေ ပျက်နေသော်လည်း မပြေမဝေကြီးကတော့ သိပုံကိုမပေါ်တာ။
ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ.....

အချစ်က ဒူးရင်းခြံပိုင်ရှင်လေး ( Completed) Opowieści tętniące życiem. Odkryj je teraz