Ep (29)

3.2K 201 24
                                    

[Unicode]

ရဲရင့်နဲ့ရှင်းပိုင်ကမြင်လိုက်ရတာကတစ်ခြားမဟုတ်...ဦးထွဋ်ကိုဖက်ကာပါးကိုနမ်းလိုက်တဲ့အမျိုးသမီးကြောင့်ဘဲဖြစ်တယ်..

"ရဲရင့်ငါတို့ဘာလုပ်သင့်လဲ "

"အဟက်..ဘာလုပ်ရမှာလဲ
ပိုင်ရာဆိုင်ရာရှိကြောင်းသွားပြီးပြလိုက်ပေါ့ "

ရဲရင့်နဲ့ရှင်းပိုင်နှစ်ယောက်လုံးကဧည့်သည်တွေဧည့်ခံရင်းဝိုင်တွေသောက်ထားတာကြောင့်...နှစ်ယောက်စလုံးနည်းနည်းဆီမူးနေကြတယ်....

"လာလေ...ကြာသလား
ရွထနေတဲ့အဖိုးကြီးကိုပါပညာပြရသေးတာပေါ့..."

"လာ..သွားမယ် "

ရှင်းပိုင်တို့၂ယောက်လုံးထိုနေရာမှထွက်လာခဲ့ကြပြီးဦးထွဋ်တို့ရှိရာသို့လာခဲ့ကြတယ်....ပါးချိုင့်တွေပေါ်တဲ့အထိမပြုံးပေမဲ့...တစ်ခြားတစ်ယောက်နဲ့စကားတွေပြောပြီးပျော်ရွှင်နေတာမြင်လေရှင်းပိုင်တစ်ယောက်စိတ်တိုလာလေဖြစ်နေတယ် ။

" ယောကျာ်းရေ "

" အမ်...ဗျာ "

လူကြားထဲမှာတစ်ခါမှမခေါ်စဖူးအခေါ်ထူးလို့...နောက်ကနေထွက်လာတဲ့ယောကျာ်းဆိုသောအသံကြောင့်ထွဋ်ဝီရဦးပြုံးမိတယ်..

" လာပါအုံး..ယောကျာ်းကိုနမ်းချင်လို့ .."

ကြည့်ရတာကလေးပေါက်မူးနေပြီနဲ့တူတယ်...ထွဋ်လဲသူလေးမူးနေတာကိုမမြင်ဖူးတာကြောင့်ဒီတိုင်းကြည့်နေလိုက်တယ်..နှုတ်ခမ်းလေးတစ်ထော်ထော်နဲ့ရန်တွေ့နေတဲ့ကလေးပေါက်.....ပါးတွေကလဲရဲတွတ်နေတာဘဲ....ခရမ်းချဥ်သီးလိုကိုက်စားချင်စရာလေး....ထွဋ်လဲသူနမ်းချင်တယ်ပြောတာ
ကြောင့်ခန္ဓာကိုယ်လေးကိုင်းပေးလိုက်တော့..

"ဟိုးးး ခဏလေး "

" ရဲရင့်ငါ့ကိုရေဘူးပေးစမ်းပါ "

"အွန်းးး.ရော့ "

"လာ..လာ.. ဦးထွဋ်ဒီနားကိုလာ "

ရှင်းပိုင်လဲရေဘူးထဲကရေတွေကိုဦးထွဋ်ညာဖက်ပါးပေါ်သို့ဖြေးဖြေးလောင်းချလိုက်တယ်..ပြီးတာနဲ့ဘေးကတစ်သျှူးကိုယူကာသုတ်ပေးပြီးလိုက်တယ်....မူးနေတဲ့ရှင်းပိုင်ပုံစံလေးမြင်တဲ့သူတိုင်းချစ်ဖို့ကောင်းအောင်ဆွဲဆောင်နေတယ်...

l Found Right Person(Complete)Where stories live. Discover now