Ep (33)

2.7K 176 38
                                    

[Unicode]

နောက်တစ်နေ့မနက်သို့ရောက်သော်...ရှင်းပိုင်တစ်ယောက်သူ့နောက်ကျောကရရှိနေတဲ့အနွေးဓာတ်လေးကြောင့်မျက်လုံးမဖွင့်ဘဲပြုံးမိသည် ။ ဦးထွဋ်နဲ့မျက်နှာချင်းဆိုင်အနေထားသို့ပြန်လှည့်လိုက်ပြီး...

"ဝါးးးဦးထွဋ်ကသိပ်ခန့်တာဘဲ...ပြီးတော့ချောလဲချောတယ်.."

မျက်နှာအစိတ်အပိုင်းတစ်ခုဆီကဆွဲဆောင်မှုရှိလွန်းလို့...ဒီလူကြီးကိုစိတ်မချဖြစ်ရတာတွေလဲရှိခဲ့သည် ။ထို့နောက်ဦးထွဋ်ရဲ့ပါးနှစ်ဖက်ကိုအရင်ဆုံးနမ်းလိုက်ပြီး...နဖူးသို့နမ်းလိုက်ကာမှ..
ဦးထွဋ်ဆီကနေအသံထွက်လာခဲ့တယ်။

"မနက်ခင်းမှာကိုယ့်ရဲ့သမာဓိအားကိုစမ်းသပ်နေတာလားကလေးပေါက် "

"ဟာ..ဦးထွဋ်နိုးနေတာလား "

"ပါးပေါ်ကိုမထိတထိလာနမ်းနေတဲ့ကောင်လေးကြောင့်နိုးသွားတာပါဗျာ "

"ဟီးဟီးးးအာ့တာကတော့ဦးထွဋ်ကိုချစ်လို့လေနော် "

"ဟုတ်ပါပြီ...သားသားတို့ပါးပါးကတကယ့်အတတ်လေး "

"Morning ဦးထွဋ် "

"Morning ကလေးပေါက်..မွ "

ပြောပြီးတာနဲ့ရင်ခွင်ထဲသို့ထည့်ကာဖက်ထားတဲ့ဦးထွဋ်ကြောင့်...ရှင်းပိုင်လဲ

"ဦးထွဋ် "

"ဗျာ..ကလေးပေါက် "

"သားသားတို့ကြီးလာရင်လေ...ကလေးတို့ကအဖေအရင်းမဟုတ်ဘူးဆိုတာသိသွားရင်ဘယ်လိုလုပ်မလဲဟင် "

"ကလေးရယ်...ကိုယ်တို့ကသားသားတို့ကိုနားလည်အောင်ရှင်းပြရမှာပေါ့ကွာ...လက်ဦးဆရာမိနဲ့ဖဆိုသလိုသားသားတို့ရဲ့လက်ဦးဆရာကလဲကလေးပေါက်ဘဲလေ...အဲ့တော့သားသားတို့ကိုသေချာသွန်သင်ဆုံးမရင်ဘာမှမဖြစ်ပါဘူးကွာ "

"ကလေးတော့ကြောက်တယ်...ယောကျာ်းလေးနှစ်ယောက်ဖြစ်ပြီးလက်ထပ်ယူထားတဲ့ကလေးကိုသားသားတို့ရွံသွားမှာကလေးကြောက်တယ်.....
အဟင့် "

ပြောလဲပြောရင်ခွင်ထဲပိုတိုးလို့ဝင်လာတဲ့ကလေးကြောင့်ထွဋ်လဲပိုလို့ဖက်ထားလိုက်တယ် ။သူလေးအတွေးလွန်ပြီးစိတ်မကောင်းဖြစ်နေတာသိပေမဲ့...
သားသားတို့အဲ့လိုလုပ်မယ်လို့မထင်ဘူး...အဲ့လိုအတွေးတွေမဝင်နိုင်အောင်လဲထွဋ်ကအကောင်းဆုံးကြိုးစားပေးရမည် ။

l Found Right Person(Complete)Where stories live. Discover now