[Unicode]
ကလေးရဲ့စံအိမ်ကိုအမြန်ပြန်ကြရအောင်ဆိုတဲ့စကားကြောင့်ထွဋ်လဲအငယ်ကောင်နဲ့အကြီးကောင်ကိုထားခဲ့ကာ...လေယာဥ်အမြန်ဆုံးစီစဥ်ပြီးရန်ကုန်သို့ပြန်လာခဲ့ရတယ်...
ကားစီးတာနဲ့အိပ်ပျော်တတ်တဲ့ကလေးပေါက်ကနေဒီနေ့မှထူးထူးဆန်းဆန်းမအိပ်ဘဲကားမှန်ကတစ်ဆင့်လျှောက်ကြည့်ကာတစ်လမ်းလုံးလိုက်လာလေရဲ့..။စံအိမ်သို့ရောက်သော်...
"Boss နဲ့အကိုလေး "
"ဟိုအစ်မကောဘယ်မှာလဲဟင် "
"ကျွန်တော်ခေါ်ပေးပါ့မယ် "
"ကလေးရယ်..ဖြည်းဖြည်းစကားပြောလဲရပါတယ်ကွာ...အမကထွက်မပြေးပါဘူး "
"ဟီးဟီး...ကလေးစိတ်လောသွားလို့ပါ "
မကြာခင်မှာဘဲအမျိုးသမီးတစ်ယောက်ကလေးလေးကိုချီကာဧည့်ခန်းထဲသို့ဝင်လာခဲ့တယ် ။
"အမထိုင်ပါခမျ "
" ကျွန်တော့်ကဦးထွဋ်ရဲ့အမျိုးသားပါ...
အမပြောစရာရှိတာကိုသေချာပြောပြလို့ရပါတယ် ""အမလဲမဖြစ်နိုင်တဲ့အခြေနေမှာမို့တောင်းဆိုရတာပါကွယ်...အမမှာကိုယ်ဝန်သုံးလရှိနေပြီ...နှလုံးရောဂါသည်မို့အမကျန်းမာရေးအခြေနေအကြောင်းအမသိပါတယ်...မျက်နှာပူပူနဲ့ဘဲပြောပါရစေ...အကယ်၍အမသာမရှိတော့ရင်
အမသားလေးနဲ့ဗိုက်ထဲကကလေးကိုငါ့မောင်တို့စောင့်ရှောက်ပေးပါ ""ဗျာ..."
"မဟုတ်တာအမရယ်...အမကျန်းမာရေးကောင်းအောင်ကျွန်တော်တို့သေချာဆေးကုရင်ရပါတယ်..
အဲ့တာကြောင့်ခုလိုစကားတွေမပြောပါနဲ့နော်..""ဟုတ်ပါတယ်အမရယ်..ကလေးပြောသလိုဘဲ
အမရောဂါကိုကျွန်တော်တို့ပျောက်အောင်ကုပေးမှာမို့စိတ်ချလက်ချနေပါနော် ""အေးပါကွယ်...အမကိုခုလိုပြောပေးလို့ကျေးဇူးတင်ပါ "
"ဗိုက်ကို OG အပ်ပြီးပြီလား "
"အမဘာမှမလုပ်ရသေးပါဘူးကွယ်..."
"ဒါဆိုသန်ဘက်ခါ OG သွားအပ်ကြမယ်နော်..
ဦးထွဋ်လဲအလုပ်ပိတ်တယ်မလား "
YOU ARE READING
l Found Right Person(Complete)
Romanceထွဋ်ဝီရဦး " ကလေးကိုစတွေ့ထဲကရူးရူးမူးမူး ချစ်ခဲ့ရတာပါ...ကလေးရဲ့ first love ဖြစ်ခွင့်မရခဲ့ပေမဲ့Last love နဲ့ Right person ဖြစ်အောင်ကိုယ်ကြိုးစားမယ်....Last love to Marry ထိကလေးပေါက်နဲ့ဘဲကိုယ်ဖြတ်သန်းမယ် " ရှင်းပိုင် "အတုယောင်တွေနဲ့သာဆုံစည်းခဲ့ရတာမိ...