[Unicode]
Jihyo ဒီနေ့တနေကုန် သူ့ဆီဖုန်းမဆက်သော Jeongyeon ကြောင့် နေ့လည်စာစားချိန်မှာ ဖုန်းလှမ်းဆက်တော့ မကိုင်။ ဒါနဲ့ သူ့အတွင်းရေးမှူးဆီလှမ်းဆက်တော့မှ ကုမ္ပဏီရုံးခန်းထဲမှာပဲရှိနေပြီး အလုပ်ရှုပ်နေသည်ကိုသိရသည်။အဆင်ပြေရဲ့လားမေးပြီး သေချာဂရုစိုက်ပေးဖို့မှာကာ သူနဲ့နေ့လည်ချိန်းထားသော တရားသူကြီးချုပ်ဆီသွားလိုက်သည်။
Jeongyeon. Nayeon ဆီကနေပြန်လာကတည်းက အလုပ်တွေသာဖိလုပ်နေမိသည်။ သူမရဲ့စကားတွေကိုပြန်မတွေးမိအောင်ပေါ့...
"ငါအားလုံးနဲ့ဆန့်ကျင်ပြီး နင့်ကိုရွေးခဲ့ပေမဲ့ နင်ပဲငါ့ကိုလက်လွှတ်ခဲ့တာ
ငါလေ... အဲ့တုန်းက နင်လူသတ်ခဲ့တယ်ဆိုရင်တောင် ဒီလောက်ထိခံစားရမယ်မထင်ဘူး"
ထိုနေ့က သူမပြောခဲ့သောစကားများ ခေါင်းထဲအစီအရီဝင်ရောက်လာကာ ထိုအကြောင်းအရာကိုပဲ ထပ်ခါထပ်ခါသူတွေးနေမိသည်။
"အဲ့တုန်းက နင်လူသတ်ခဲ့တယ်ဆိုရင်တောင် ဒီလောက်ထိခံစားရမယ်မထင်ဘူး" တဲ့
ထိုကတည်းက အရာအားလုံးကို လက်လျှော့ပြီးနေလာခဲ့ပေမဲ့ ခဏလောက်လေးဖြစ်ဖြစ် သူမရဲ့အနားမှာ အရင်လိုလေးပြန်လည်ကပ်တွယ်နေချင်တာကြောင့် သူပြန်ပေါ်လာခဲ့တာ။
သူမဆီမှာ ကိုယ့်ရဲ့ဖြစ်တည်မှုလေးကို မေ့လျော့မသွားစေချင်ရုံလေး။
သူ့ကို မကောင်းတဲ့စိတ်ဒဏ်ရာအနာတရတွေပေးသူက အမြဲတမ်း ကိုယ်ဖြစ်နေခဲ့ပြီး ကိုယ်တစ်ခါမှမရခဲ့ဖူးတဲ့ နွေးထွေးကြင်နာမှုတွေ ချစ်ခြင်းတရားတွေပေးတဲ့သူကတော့ အမြဲတမ်း သူဖြစ်နေခဲ့တာ။JY'pov - နင်နဲ့ငါ့ရဲ့ကြားထဲမှာ ကောင်းမွန်တဲ့အမှတ်တရလေးတွေပဲ ရှိနေစေချင်ရုံပါ
စားပွဲပေါ်က အချက်ပေးမီးတန်းလေးနီသွားတာကြောင့် တံခါးဝဆီကြည့်မှုတော့ သူ့ရဲ့အတွင်းရေးမှူး Yuna
YN - ဥက္ကဋ္ဌခိုင်းထားတာရပါပြီ
Jeongyeon သူ့ကိုပေးလာသောစာအိတ်အညိုကိုဖောက်ကြည့်တော့ သူရှာခိုင်းထားသော Share တချို့..
JY - ငါတို့ဘက်က share စုနေတာတွေ မရိပ်မိစေနဲ့ ဒီတစ်ပတ်အတွင်း အားလုံးဆီကနေ 40% လောက် ငါ့လက်အောက်ရောက်နေတာလိုချင်တယ်။ ပြီးတော့ Dahyun သူဘာတွေလုပ်နေလဲ နောက်ကနေ စောင့်ကြည့်ဖို့လူလွှတ်ထားပေး ငါ့ဆီ အကုန်အစီရင်ခံစေချင်တယ်။ ထပ်ပြီး လကုန်ကျရင် သူကုမ္ပဏီမှာစဝင်မှာမို့ အဲ့ကျရင် Dahyun ကို သေချာကူညီပေးဖို့တောင်းဆိုချင်တယ်။
YOU ARE READING
Wɪsʜ Yᴏᴏ Wᴇʀᴇ Hᴇʀᴇ
Fanfiction[Unicode] ငါဘယ်တုန်းကမှ နင့်ကို ထွက်သွားခွင့်မပြုခဲ့ဘူးဆိုတာ.... ငါဘယ်တုန်းကမှ နင့်ကို လက်မလွှတ်ခဲ့ဘူးဆိုတာ.... နင့်ကိုသိစေချင်ရုံလေးပါ [Zawgyi] ငါဘယ်တုန်းကမှ နင့်ကို ထွက်သွားခွင့်မပြုခဲ့ဘူးဆိုတာ.... ငါဘယ်တုန်းကမှ နင့်ကို လက်မလွှတ်ခဲ့ဘူးဆိုတာ.... နင်...