Wish YOO Were Here - Ep3

269 25 6
                                    

[Unicode]

"Jung Emperor ရဲ့ ဥက္ကဋ္ဌ အသစ်ခန့်အပ်ပွဲနဲ့အတူ ရှယ်ယာစျေးတို့ပြန်လည် မြှင့်တက်လာသော Jung Group ရဲ့ စတော့ရှယ်ယာစျေးများ"

သတင်းစာတိုင်း၏ထိပ်စီးပိုင်းခေါင်းစည်းအပြည့်နေရာယူထားသော Jung Emperor ရဲ့ ဆက်ခံသူအကြောင်း ပြည့်နှက်နေသည်။

ကုမ္ပဏီမှာ ဥက္ကဋ္ဌနေရာခန့်အပ်ပွဲအခမ်းအနားကျင်းပပြီး လူကြီးပိုင်းတချို့နဲ့ တွေ့ဆုံပြီးတာနဲ့ Jeongyeon ကုမ္ပဏီအောက်မှာအသင့်စောင့်နေသော သူ့ရဲ့ကားပေါ်ကို တက်လိုက်သည်။

ကားပေါ်ရောက်တာနဲ့ နက်ကတိုင်ကိုဖြေလျော့လိုက်ရင်း လက်ကကြယ်သီးတို့ကိုပါဖြုတ်လိုက်ကာ

JY - Arr ခုမှပဲ နေရတာသက်သာသွားတော့တယ်

ကားရှေ့ခန်း Driver နဲ့ အတူယှဥ်ထိုင်နေသော သူ့ရဲ့အတွင်းရေးမှူး Shin Yuna ကနေ

YN - ဥက္ကဋ္ဌ ခုအိမ်ကိုတန်းပြန်တော့မလား

JY - ငါတို့ ဘယ်မှဝင်စရာမရှိတော့ရင် အိမ်ကိုပဲပြန်ကြစို့ Yuna.. ငါပင်ပန်းနေပြီ

YN - ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ

Jeongyeon ဆီက အဖြေရပြီးတာနဲ့ ကားဟာ ကုမ္ပဏီကနေ အိမ်ကိုထွက်လာခဲ့သည်။

စံအိမ်ဟာ ဆိတ်ငြိမ်ရပ်ကွက်မှာတည်ရှိနေပြီး တစ်အိမ်နဲ့တစ်အိမ်ကလည်း အလွန်ခြားနေတာကြောင့် သီးသန့်ဆန်လွန်းလှသည်။ ကားဟာ အိမ်ထဲကိုဝင်လာပြီး အိမ်ရှေ့မျက်နှာစာက ရေကန်ထဲကငါးတွေကို ငါးစာကျွေးနေသော လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ ကားပေါ်က Jeongyeon မျက်နှာမှာပြုံးသွားသည်။

JY - ကားကို ဒီမှာပဲရပ်လိုက်တော့

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး"

Jeongyeon ကားပေါ်ကဆင်းကာ ထိုသူဆီလျှောက်သွားလိုက်တော့ ငါးတွေကို တစ်ယောက်တည်းစကားပြောကာ ငါးစာတွေချပေးနေသော ဒီကမ္ဘာပေါ်က သူ့ရဲ့တစ်ဦးတည်းသော ညီမလေး

JY - ဘယ်သူလဲမသိဘူး

နောက်ဘက်ဆီက အသံကြောင့် Dahyun ချက်ချင်းပျော်သွားကာ

DH - Unnie ရောက်ပြီလား

Jeongyeon သူ့ရှေ့က ညီမလေးကို စချင်တာနဲ့

Wɪsʜ Yᴏᴏ Wᴇʀᴇ HᴇʀᴇWhere stories live. Discover now