[Unicode]
ထိုနေရာ... တိတ်ဆိတ်မှုတွေနဲ့ ပြည့်နှက်နေသော ထိုနေရာမှာ နေသားကျစွာနေနေသော လူတစ်ယောက်..
သူကိုယ်တိုင်ကလည်း တိတ်ဆိတ်မှုတွေပြည့်နေသူဆိုတော့ ထိုနေရာနဲ့ကျွမ်းဝင်နေသယောင်..
နွေဦးကို ဝင်လာပြီဖြစ်တာကြောင့် သစ်ပင်ထက်က မေပယ်ရွက်တွေကြွေလွင့်နေပြီး သူထိုင်နေသော ဘေးပတ်ဝန်းကျင်ကို မေပယ်ရွက်ခြောက်တို့က ဖုံးလွှမ်းနေသည်
တိတ်ဆိတ်မှုတွေ ကြီးစိုးနေသော ထိုနေရာကို
တံခါးဖွင့်သံတစ်ခုက ဖြိုခွင်းလိုက်ပြီးထိုအသံနှင့်တစ်ပါတည်း သူ့ဆီကိုလျှောက်လာသောခြေလှမ်းတစ်စုံ
မြေပြင်မှာပျံ့ကြဲနေသော မေပယ်ရွက်တွေက တစ်ချက်တစ်ချက်နင်းလိုက်တိုင်း သစ်ရွက်ခြောက်ကျိုးကြေသံတွေထွက်လာပေမဲ့ ထိုသူကတော့ သတင်းစာဖတ်မပြတ်..
သူ့အပေါ် အရိပ်တစ်စုံအုပ်မိုးကျလာချိန်မှာတော့
လက်ထဲက ဖက်လက်စသတင်းစာကို ဘေးချလိုက်ပြီး ထိုင်ခုံဘေးမှာ အသင့်လာချပေးထားသော ကော်ဖီဘူးကိုယူကာ တစ်ငုံသောက်လိုက်ရင်း"ရောက်လာပြီလား"
"ဒီနေ့ ကြည့်ရတာ နေသာတယ်ထင်တယ်"
အမေးစကားနဲ့ အဖြေတို့မှာ ထပ်တူကျမနေပေမဲ့ နှစ်ယောက်ကြား ဘာစကားမှထပ်မထွက်လာခဲ့ ...
"ဒီနှစ် နွေဦးက လှမယ်ထင်လား "
ခဏကြာမှ ဆက်ပြီး ကော်ဖီသောက်ရင်း ပြောလာသော သူရဲ့စကားကြောင့်
မျက်နှာချင်းဆိုင်မှာထိုင်နေသော သူက ထိုသူရဲ့ ဘေးက သတင်းစာကိုတချက်ကြည့်လိုက်ပြီး
ပြီးမှ သူ့ရှေ့ကသူရဲ့ မျက်နှာကို စေ့စေ့ကြည့်ကာ"အွန်း နင်ပါရှိရင် ပိုလှမှာ သေချာတယ်"
ထိုသူ့ဆီက မျက်ဝန်းတစ်စုံ သူ့ဆီရောက်လာပြီဆိုမှ ဆက်ပြီး
"နောက်လထဲ ဒီကနေ ထွက်လို့ရပြီ"
တစ်ဖက်ကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း တွေးဆဟန်နဲ့
"အချိန်တွေကုန်တာ မြန်လိုက်တာ
ငါသူနဲ့မတွေ့ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ"
YOU ARE READING
Wɪsʜ Yᴏᴏ Wᴇʀᴇ Hᴇʀᴇ
Fanfic[Unicode] ငါဘယ်တုန်းကမှ နင့်ကို ထွက်သွားခွင့်မပြုခဲ့ဘူးဆိုတာ.... ငါဘယ်တုန်းကမှ နင့်ကို လက်မလွှတ်ခဲ့ဘူးဆိုတာ.... နင့်ကိုသိစေချင်ရုံလေးပါ [Zawgyi] ငါဘယ်တုန်းကမှ နင့်ကို ထွက်သွားခွင့်မပြုခဲ့ဘူးဆိုတာ.... ငါဘယ်တုန်းကမှ နင့်ကို လက်မလွှတ်ခဲ့ဘူးဆိုတာ.... နင်...