အခန်း ( ၁ )

1.7K 82 0
                                    

တကယ်က ကျွန်မ သူ့နဲ့ အရင်ကဆုံဖူးတယ်။ ဒါပေမယ့် အဲ့တုန်းကတော့ ကျွန်မတို့ရဲ့ကံကြမ္မာတွေ ရောယှက်သွားခဲ့ပြီဆိုတာကို ကျွန်မ နားမလည်ခဲ့ဘူး။

ပေကျင်းဆောင်းတွင်းက ကျွန်မရဲ့ မွေးရပ်မြေကထက် အများကြီးပိုအေးတယ်။ ‌အေးလွန်းလို့ ကျွန်မ ကျောက်ယန်ပန်းခြံထဲက ခုံတန်းလေးပေါ်မှာ ထိုင်ငိုနေခဲ့တုန်းက ကျွန်မစိတ်ထဲ ပထမဆုံးရောက်လာတာက ဝမ်းနည်းမှုမဟုတ်ဘူး။ ဘာလို့ဆို အရမ်းကို အေးလွန်းလို့ မျက်ရည်စက်တိုင်းက ချက်ချင်း ရေခဲအဖြစ်ကို ပြောင်းသွားတော့မလိုပဲ။ အဲ့ဒါကြောင့် ကျွန်မ ငိုတာရပ်လိုက်ရပြီး မျက်နှာမော့ လက်ကိုင်ပုဝါနဲ့ မျက်ရည်သုတ်လိုက်တယ်။ ပြီးမှ နောက်တခါ ပြန်ငိုတယ်။

ရုတ်တရက် ကျွန်မ တခုခုထူးဆန်းနေတာကို ခံစားမိလိုက်တယ်။ အတော်လေးလည်း လန့်ဖျန့်သွားတယ်။ ပြီးတော့မှ ကျွန်မ မျက်နှာနားကို လက်ကိုင်ပုဝါတထည်ရောက်လာမှန်း သဘော‌ပေါက်သွားတယ်။ ကျွန်မဘာသာ ရူးကြောင်ကြောင်နဲ့ ငိုနေပြီးတော့ ကျွန်မဘေးက လက်ကိုင်ပုဝါဆီကို လက်ကအလိုလိုရောက်သွားတယ်။ သေချာတာပေါ့။ တထည်မှ မကျန်တော့ဘူး။ ကျွန်မ ‌မော့ကြည့်လိုက်တော့ သူ့ကို မြင်လိုက်တယ်။

ဒါက ကျွန်မ ကျားဟန်နဲ့ ပထမဆုံးစတွေ့ခဲ့ပုံပါ။

သူက အဲ့မှာ ထိုင်ပြီး ကျွန်မကို ခေါင်းအသာဆတ်ပြတယ်။ ပြီးတော့ လက်ကိုင်ပုဝါကို ကျွန်မဆီ ဘဘောရိုးနဲ့ ကမ်းပေးတယ်။ ဒါက သူ့ကိုယ်ပိုင်လက်ကိုင်ပုဝါမှန်း ကျွန်မ ခုံတန်းလျားပေါ် တင်ထားတဲ့ထဲက ယူထားတာမဟုတ်မှန်း ကျွန်မသိတယ်။ ကျွန်မရဲ့အကြိုက်ကလည်း ညံ့တော့ ခုထိ ပန်းနံ့ပါတဲ့ လက်ကိုင်ပုဝါတွေကို သုံးရတာကို ကြိုက်တုန်းပဲ။ ဒါပေမယ့် သူ့လက်ထဲက တခုကတော့ ဘာအနံ့မှ မရှိဘူး။

သူ့နှုတ်ခမ်းက ခပ်တင်းတင်းလေးစေ့ထားတော့ သူ့အကြည့်က မချင့်မရဲဖြစ်နေတဲ့ပုံ။ ဒါပေမယ့် ကျွန်မကတော့ အစကနေ အဆုံးထိ သူ့မျက်နှာပေါ်ကက အနှောင့်အယှက်မပေးတဲ့ တည်ငြိမ်တဲ့ အပြုံးလေးကို မြင်နေရတယ်။

သူက ကျွန်မထက် နှစ်အနည်းငယ်လောက် ကြီးလောက်တယ်။ ကျွန်မ ဒီအကြောင်း စဥ်းစားနေရင်း လက်ကိုင်ပုဝါကို တုံ့ဆိုင်းဆိုင်းနဲ့ ယူပြီးမှ ခပ်တိုးတိုး ကျေးဇူးတင်စကားဆိုလိုက်တယ်။ ပြီးတဲ့‌နောက်တော့ ကျွန်မ သူ့ကို အကဲမခတ်ဘဲ မနေနိုင်တော့ဘူး။

How I Met You (MM Translation) CompletedDonde viven las historias. Descúbrelo ahora