Scorbus and Cursed Child Summary

1.6K 81 18
                                    

(Unicode)

Hiii again!! ဒီစာအုပ်လေးက scorbus one-shots လေးတွေအကြောင်းပေါ့။ အရင်ဆုံး Scorbus ကိုမသိကြသေးတဲ့သူတွေအတွက် အကျဥ်းချုပ်လေး ပြောပြချင်ပါတယ်...။

Scorbusဆိုတဲ့ ship လေးက Scorpius Hyperion Malfoyနဲ့ Albus Severus Potter အကြောင်းလေးပါ။
နာမည်တွေကအလန်းစားတွေနော်😅

သူတို့ရဲ့နာမည်တွေကနေ ရိပ်မိမယ်ထင်ပါတယ်။ မူရင်း၀တ္ထုမှာ ဟယ်ရီနဲ့ ဒရက်ကိုက straight တွေမို့ မိသားစုကိုယ်စီရှိကြတယ်ပေါ့ ။ Albusက ဟယ်ရီရဲ့သားဖြစ်ပြီး Scorpiusက ဒရက်ကိုရဲ့သားပါ။ Potterနဲ့ Malfoy ဆိုရင်ကို chemistry မိနေလားမပြောတတ်ဖူး။ ကိုယ်ကတော့ Drarry ကိုချစ်သလို Scorbus ကိုလည်းချစ်တာဘဲ🤣❤

Harry Potter စာအုပ်တွေကို 2007မှာ Deathly Hallows နဲ့အဆုံးသတ်ရေးခဲ့ပေမယ့် 2016မှာတော့ အသစ်တစ်အုပ် ထပ်ထွက်လာခဲ့ပါတယ်။
အဲ့စာအုပ်နာမည်ကတော့ Harry Potter and the Cursed Child ပါ။ cursed child က ဇာတ်ကားမရှိသေးဘဲ ပြဇာတ်သဘောနဲ့ တစ်ခါသာတင်ဆက်ခဲ့ဖူးတာပါ။ အဲ့တော့ တခြားစာအုပ်တွေနဲ့ယှဥ်ရင် သိသူနည်းတယ်ပေါ့နော်..။

Albus နဲ့ Scorpiusက cursed childမှာ main characters နှစ်ယောက်ပါ။

မူရင်းဇာတ်လမ်းမှာ Albus က Hogwartsကိုသွားတဲ့အချိန် Slytherinအဆောင်ရောက်သွားခဲ့ပါတယ်။ သူ့တစ်မိသားစုလုံး သာမကသူ့ရဲ့၀မ်းကွဲဖြစ်တဲ့ Rose Granger-Weasley ကပါ Gryffindor ကိုဘဲရောက်ခဲ့တာပါ။ ဒီမှာ Rose အကြောင်းပြောဖို့ရှိလာတာက သူမက ရွန်နဲ့ဟာမွန်နီရဲ့သမီးဖြစ်ပြီး Albus နဲ့ရွယ်တူပါဘဲ။ မူရင်း၀တ္ထုမှာ ဟယ်ရီက ရွန်ရဲ့ညီမဖြစ်တဲ့ Ginny နဲ့လက်ထပ်ခဲ့တာကြောင့် Albus နဲ့ Rose က၀မ်းကွဲမောင်နှမတော်စပ်နေတာပါ။ တော်စပ်ပုံတွေနဲ့တင် ရှုပ်မသွားနဲ့အုံးနော် တကယ့်ဇာတ်လမ်းကို ခုမှစပြောရမှာ🥲🤏

မိသားစု၀င်တွေထဲမှာ Albusကသာ ကွဲထွက်ပြီး Slytherin အဆောင်ရောက်သွားတော့ ရွယ်တူအတန်းဖော်အချို့က အထူးအဆန်းမြင်လာကြတယ်ပေါ့။ ပြီးရင်Albus ကဟယ်ရီလိုမဟုတ်ဘဲ ထူးချွန်တဲ့အရာသိပ်မရှိတဲ့ သာမာန်ကလေးတစ်ယောက်ပါ။ လူတွေက သားအဖနှစ်ယောက်ကိုယှဥ်ပြောတဲ့အခါAlbusက အသုံးမကျတဲ့သူပုံစံလိုဖြစ်လာတယ်ပေါ့။
(ကလေးလေးက အဖိုးတန်လေးကိုသူတို့မို့ပြောရက်ကြတာ☹️)

Scorbus One-shotsWhere stories live. Discover now