"Albus.....Albus....Al!"
Albus သည် သူ့ဘေးမှ သူ့နာမည်ကိုတရစပ်ခေါ်ဆိုလျက်ရှိသော ကောင်လေးအား စိတ်မရှည်စွာအကြည့်တစ်ချက်ပို့လွှတ်လိုက်သည်။ သူနှင့်Scorpiusနှစ်ဦးမှာ အတန်းချိန်များပြီးသွား၍ စလေသရန်းစ်နားနေဆောင်သို့ ပြန်ရာလမ်း၌ပင်။ Scorpius တစ်ယောက် ယနေ့တွင်အိန္ဒြေမရ..။ အရေးကြီးကိစ္စပြောစရာရှိသည်ဟုဆိုကာ သင်ခန်းစာများကိုပင် ခါတိုင်းကဲ့သို့ အာရုံမစိုက်နိုင်ဘဲ ယခုတွင်လည်း သူ့အားတကြော်ကြော်ခေါ်ဆိုလျက်ရှိသည်။
"Scorp...မင်း ဒီနေ့တစ်နေ့လုံး ပျာယာခတ်နေတာဘဲ...နားနေဆောင်ရောက်တဲ့အထိ ခနမစောင့်နိုင်ဖူးလား?"
Albusထံမှ တုံ့ပြန်မှုရသောကြောင့် Scorpius သည် ရွှင်မြူးသွားလျက် တက်ကြွစွာပြောလာ၏။
"Ohh...! လေးနှစ်တောင်ငါစောင့်ခဲ့ရတာလေ။ ခုအချိန်ထက်ပိုပြီး ငါစိတ်လှုပ်ရှားမယ့်အချိန်ဆိုတာ ရှိနိုင်မှာမဟုတ်ဖူး။"
သူသည် တစ်လက်စတည်း မစောင့်နိုင်တော့စွာ အလျင်အမြန်ဆက်ပြောလာ၏။
"ငါ ကြိုက်နေတဲ့သူကို ဖွင့်ပြောတော့မလို့....!"
ကြားလိုက်ရသည့်စကားကြောင့် Albus ၏ခြေလှမ်းများမှာ ချက်ချင်းရပ်တန့်သွားခဲ့သည်။ သူသည် Scorpius အား တစ်ချက် စူးစိုက်ကြည့်လာခဲ့သည်။ မျက်၀န်းတွင်အရိပ်အချို့ဖြတ်ပြေးသွားလျက် ထို့နောက်တွင်တော့ ဘာမျှမပြောဘဲ ဆက်လက်လျှောက်သွားခဲ့လေသည်။ မှတ်ချက်တစ်စုံစရာ မျှော်လင့်နေသော Scorpius မှာ ကြောင်အသွားရကာ မကျေမနပ်ဖြစ်စွာ Albus နောက်သို့အမှီလိုက်လာသည်။
"Al....မင်းတုံ့ပြန်ပုံကလည်း အေးစက်လိုက်တာ....။ ငါဘယ်သူ့ကိုဖွင့်ပြောမှာလဲဆိုတာ မမေးတော့ဖူးလား? နည်းနည်းတောင်မသိချင်ဖူးလား?"
Albus သည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ပို၍ခပ်သွက်သွက်လျှောက်နေသည်။ သူတို့နားနေဆောင်ဆီရောက်ချိန်တွင်တော့ Scorpiusသည် Albus လက်မောင်းကိုဆွဲလျက် ဟန့်တားလာသည်။
"Heyy...Al...ငါ့ကိုတကယ် ခုလိုဘဲလျစ်လျူရှုထားတော့မှာလား?"
Albus သည် ကြမ်းပြင်ကိုသာကြည့်နေလျက် တိုးဖွစွာ မေးခွန်းတစ်ခုဆိုလာခဲ့သည်။