Zawgyi ver
နာကျင်ခံစားစေခြင်းမည်သော "Sorry"
***********************မျက်ခွံပေါ်သို့ နေရောင်ခြည်ဖြဖြကျလာသည့်နှင့်
အိပ်ယာပေါ်မှ အလျင်အမြန်ထလိုက်သည်ခန္ဓာကိုယ်ကတော့တက်ကြွနေပေမယ့် စိတ်ထဲမှာတော့ လေးလံလို့နေသည်
"Hyung ဘာလို့ကျွန်တော့်ကို လျစ်လျူရှူရှိတာလဲ
Hyung ရဲ့ နှလုံးသားထဲမှာ ကျွန်တော်မရှိတော့ဘူးလား
Hyung ကျွန်တော့်ကို အရင်လိုမချစ်တော့ဘူးလား"Hyung မျက်လုံးကိုစေ့စေ့ကြည့်ပြီး မေးခွန်းတွေတသီချည်းမေးကြည့်ချင်မိပေမယ့် ကျွန်တော့် နှုတ်ခမ်းဖျားတို့သည် ထုံကျဉ်လို့နေသည် ထိုစကားလုံးတို့ကို ကျွန်တော့် နှုတ်ခမ်းပါးမှာ ထွက်ဖို့ဝန်လေးနေသလို ကျွန်တော်မလိုချင်သော မကြားချင်သော ဖြေရှင်းချက်မျိုး Hyung နှုတ်ခမ်းဖျားစီမှ ထွက်လာမှာကို စိုးထိတ်မိသည်
သို့သော်...ကျွန်တော်အကြောင်းပြချက်လေးတော့ တောင်းသင့်သည်မဟုတ်လား
မှန်ရှေ့မှာရပ်ကာ အားပေးစကားတွေ တဖွဖွပြောရင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် အားထုတ်လိုက်သည်
အလုပ်ရှုပ်လှပါသည်ဆိုတဲ့ Hyung ရဲ့ Company ကိုထွက်လာခဲ့လိုက်သည်
Company ရှိခြေစုံချလိုက်တော့ ရင်ထဲမွန်းကြပ်လာပြီး
လေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်ကာ Hyung အခန်းရှိရာ သို့ဦးတည်လိုက်သည်Hyung ရဲ့ရုံးခန်းနဲ့ နီးလာလေ ကျွန်တော့်ရဲ့ ရင်ခုန်သံတွေလည်း အတိုင်းအဆမရှိ အခုန်မြန်လာသည်
ခြေဖျားလက်ဖျားတို့ အေးစက်လာပြီး ချွေးစေးတို့ပင်စို့လာသည် Hyung ရုံးခန်းရှေ့ရောက်တော့ ကျွန်တေိာအသက်၀၀ရှူလိုက်ပြီး တံခါးကိုဆွဲဖွင့်လိုက်သည်
သို့သော်...
ကျွန်တော်ကို စီးကြိုနေသည့်မြင်ကွင်းဟာ..
ကျွန်တော့်ကို သွေးပျက်သွားစေသည်
နှုတ်လုံးသားတစ်ခုလုံးအား ဓားနဲ့အမွှန်းခံလိုက်ရသလို ခံစားချက်တို့နှင့်အတူ အလိုမတူစွာ မျက်ရည်တို့ကစီးကျလာပြန်သည်
YOU ARE READING
Mistake [Completed]
Fanfiction(Both Zawgyi and Uni ver) Taehyun "ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် တောင်းပန်ပါတယ် ကလေး ဒါပေမယ့် ကိုယ်မင်းကိုပဲ တကယ်ချစ်ခဲ့တယ် ဆိုတာတော့ ယုံကြည်ပေးပါ" Beomgyu "ကျွန်တော် ကိုယ့်ကိုကိုယ်ဘယ်လို ကြင်နာရမလဲဆိုတာ ကောင်းကောင်း နားလည်သွားပြီ လှပတဲ့နေ့ရက်တွေကို...