(Zawgyi ver)
ပျော်ရွှင်ခြင်းမည်သော "Sorry"
________________________အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့သလို
ကျွန်တော်တို့ နှစ်ယောက်ရဲ့အဖြူရောင်
သံယောဇဉ်လေးဟာလည်း တစ်ဖြည်းဖြည်း
အရောင်ပြောင်း လာခဲ့ပြီ. . .ဖြူစင်သောကလေးဘ၀ကို အတူဖြတ်သန်းလာပြီး
ပန်းနုရောင်ခြယ်ထားသော ဘ၀လေးသို့တဖြေးဖြေး
ကူးပြောင်းစပြုလာလေပြီကလေးသိပါစေလေ. . .
သူလေးငယ်ငယ်တည်းက ကျွန်တော်တိတ်တခိုး
ချစ်မြတ်နိုးခဲ့တယ်ဆိုတာ..သူလေးကိုချစ်လွန်းလို့
မသိမသာ ဂရုစိုက်ကြင်နာပြနေတယ်ဆိုတာ..သူလေး စိတ်ဆိုးတဲ့အမုအရာလေးကို ချစ်လွန်းလို့
မနေနိုင်မထိုင်နိုင် လိုက်လိုက်စနေတယ်ဆိုတာ...ကျွန်တော်မြတ်နိုးမိပါတယ် ကောင်လေးရဲ့
ဆံနွယ်အိအိလေးကိုကျွန်တော်တန်ဖိုးထားမိပါတယ် ကောင်လေးရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို
ကျွန်တော်လိုချင်မိပါတယ် ကောင်လေးရဲ့
နှုတ်ခမ်းအိအိလေးဆီမှ ယစ်မူးဖွယ်အနမ်းလေးတွေကိုထာဝရဆုပ်ကိုင်ထားချင်မိပါတယ်
ကောင်လေးရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကိုသို့ပေမယ့် ကျွန်တော့ရင်ထဲကအချစ်တွေ
ကြင်နာမှုတွေကို မြိုသိပ်နေခဲ့ပါတယ်
ကျွန်တော့်ဘက်ကသာ အဖြူရောင်သပ်သပ်
သံယောဇဉ်ကို အရောင်ဆိုးချင်နေမိပေမယ့်
ကလေးငယ်ကတော့ ကျွန်တော့်အပေါ်
အဖြူထည်သပ်သပ် ခံစားချက်သာရှိတယ်လို့
ကျွန်တော်ယူဆမိတယ်. . .ဒါကြောင့်...ကလေးငယ်မုန်းသွားမည်
ငြိုငြင်သွားမည်ကိုစိုး၍ ကျွန်တော့်ခံစားချက်တွေကို
ထိန်းချုပ်နေရခြင်းဖြစ်သည်. . .အထက်တန်းကျောင်းသားဘ၀မှ
တက္ကသိုလ်ကျောင်းသား ဖြစ်လာသော ကလေးငယ်သည်
တနေ့ထက်တစ်နေ့ပိုကိုပြီးချစ်ဖို့ကောင်းလာသည်အရင်ကနက်မှောင်နေသောဆံနွယ်အိအိကို
ငွေမှင်ရောင်လေးပြောင်းဆိုးထားသော
ကလေးငယ်သည် ကျွန်တော့်မျက်လုံးထဲ၌
တစ်မျိုးလေး ချစ်ဖို့ကောင်းနေသည်
YOU ARE READING
Mistake [Completed]
Fanfiction(Both Zawgyi and Uni ver) Taehyun "ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် တောင်းပန်ပါတယ် ကလေး ဒါပေမယ့် ကိုယ်မင်းကိုပဲ တကယ်ချစ်ခဲ့တယ် ဆိုတာတော့ ယုံကြည်ပေးပါ" Beomgyu "ကျွန်တော် ကိုယ့်ကိုကိုယ်ဘယ်လို ကြင်နာရမလဲဆိုတာ ကောင်းကောင်း နားလည်သွားပြီ လှပတဲ့နေ့ရက်တွေကို...