Ep 2

705 106 8
                                    

(Unicode ver)

"ကလင် ကလင်!!!"

ကျောင်းတစ်ကျောင်းလုံးဟိန်းသွားအောင်
ထွက်ပေါ်လာသော ခေါင်းလောင်းသံ

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တောင်းတနေတဲ့
ကျောင်းဆင်းချိန် ခေါင်းလောင်းထိုးသံပေါ့. . .

စားပွဲပေါ်မှာရှိတဲ့ စာအုပ်တွေကို လွယ်အိတ်ထဲ
အမြန်ထိုးထည့်လိုက်သည် တွန့်ကြေသွားတဲ့
စာအုပ်တွေကို ဂရုမစိုက်ပါဘူး . . .
တော်ကြာနောက်ကျနေလိမ့်မယ်

ဒီနေ့ကျောင်းဆင်းပြီးရင် Hyung ကလေ
ကျွန်တော့်ကို ကစားကွင်းလိုက်ပို့ပေးမယ်တဲ့
အဲ့ဒီတော့ ကျွန်တော်မျိုးလေးကလည်း ၀ီရိယရှိရှိ
Hyung အခန်းရှေ့သွားစောင့်ပေးရမှာပေါ့. . .

ကစားကွင်းလေးသွားရမှာကို
အဖြစ်သည်းနေလိုက်တာ လို့တော့မပြောနဲ့
အခုကစားကွင်းကိုအတူသွားမဲ့လူက တစ်ခြားလူမဟုတ်ဘူးလေ. . .Hyung နဲ့ဆိုတော့. . .

မရှက်တမ်းဝန်ခံရရင် Hyung ဆိုတာငယ်ငယ်ကတည်းက ကျွန်တော်တိတ်တခိုးချစ်ရတဲ့သူပေါ့

ကျွန်တော်တို့ခြံဘေးကို Hyung တို့စပြောင်းလာတော့ ကျွန်တော့်အသက်က ၆နှစ်. . .

အဲ့ကတည်းက Hyung ကိုသဘောကျခဲ့ရတာ
တနေ့တနေ့ Hyung ရဲ့စာသင်ခန်းလေးကို သွားသွားချောင်းရတာလည်း အမောပဲ

Hyung ပေးတဲ့ ဂရုစိုက်မှုသေးသေးလေးကိုတောင် ကျွန်တော်က ရင်ခုန်နေရတာ

ဒါပေမယ့်. . .ဒါပေမယ့်လေ ကျွန်တော်ကသာ အထက်တန်းရောက်တဲ့အချိန်အထိ Hyung ကိုချစ်နေရပေမယ့် Hyung ကတော့မချစ်ဘူး ထင်ပါရဲ့

တောင့်တလာခဲ့ရတာ ဘယ်အချိန်မှများ
ကျွန်တော့်ကို Hyung ပြန်ချစ်မလဲ ဆိုပြီး. . .

အေးပေါ့လေ. . .ကျွန်တော်က စချစ်ရတဲ့လူဆိုတော့လည်း
ပင်ပန်းတာပေါ့ဗျာ ကျွန်တော့်ရဲ့ အချစ်တွေကို Hyung
နားလည်လာမဲ့တနေ့ သူဖွင့်ပြောလာမှာပေါ့. . .

ကျွန်တော်ကတော့ လက်ရှိတည်မြဲနေတဲ့ သံယောဇဉ်
မျှင်မျှင်လေး ပြတ်တောက်သွားမှာကို နှမြောတာမို့
ကျွန်တော့ဘက်ကတော့စပြီး ဖွင့်ပြောဖြစ်လိမ့်မည် မဟုတ်. .

Mistake [Completed]Where stories live. Discover now