"သူကငါ့အပိုင်"
"ဟမ်?"
ကျန်းချန်,ရှောင်ကျန့်ကိုလှည့်ကြည့်မိလိုက်သည်
ရှောင်ကျန့်ကတော့ သူကိုကြည့်မနေပဲကလေးကိုသာကြည့်နေသည်
"သူကငါ့အပိုင်လို့"
"မဟုတ်ဘူးလေငါပြောတာကသူ့ကိုပွေ့လို့ရမလားမေးတာလေ"
ကျန်းချန်းက ရှောင်ကျန့်ပွေ့ထားတဲ့ ကလေးကိုလက်ညိုးထိုး၍ပြောသည်
"မရဘူး သူကိုငါပဲထိခွင့်ရှိတာ"
"ဟမ်?"
ကျန်းချန် စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုတ်လိုက်သည်
*ဘာလည်းဟ တွေးလို့လိုက်မမှီတော့ဘူး*
သူတို့စကားများနေကြတော့ ကလေးကထငိုပါလေရော
ကလေးငိုနေတာကိုမညည်းမညူချော့နေတဲ့ရှောင်ကျန့် ,ကလေးကိုရင်ခွင်ထဲထည့်ပြီးချော့မြူ နေတဲ့ ရှောင်ကျန့်က တစ်ကယ်အခြားတစ်ယောက်လိုပဲ
ရှောင်ကျန့်ရဲ့ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့အပြုံးလှလှလေးကို ထို့နေ့က ကျန်းချန်မြင်တွေ့ခဲ့သည်
ရှောင်ကျန့်ဆိုတာ သူ့အမေသေပြီးတကည်းက သွက်သွက်လပ်လပ်မရှိတော့တဲ့သူတစ်ယောက် အပြုံးအရယ်လည်းမရှိတော့ဘူးရုတ်တရက်ကြီး ကျောင်းကနေ တစ်ပတ်လောက်ပျောက်သွားပြီးကျောင်းထွက်သွားတော့ ဘာများဖြစ်တာလည်းပေါ့
ပြန်ပေါ်လာတော့လည်း လူစားထိုးခံလိုက်ရသလိုပဲ လုံးဝကြီးပြောင်းလဲသွားတာ
အရင်ကနဲ့မတူလောက်အောင်ပြောင်လဲသွားတဲ့ရှောင်ကျန့်ကိုကျန်းချန်တစ်ယောက်တည်းသတိထားမိခဲ့သည်
အရင်ကရှောင်ကျန့်က ခံစားချက်တွေကိုမြိုသိပ်မထားတဲ့သူတစ်ယောက် အခုကတော့ ခံစားချက်တွေကိုမြိုသိပ်ထားတဲ့သူယောက်မကျေနပ်ရင်လုပ်ချင်တာကိုလုပ်တတ်တဲ့အကျင့် ဥပမာ ဆွဲထိုးတာတို့ ရန်ဖြစ်တာတို့ လူကြီးတွေကိုဆိုလည်း စကားနဲ့ပြန်ပက်ပြောတာတို့အဲ့တာတွေက အခုမရှိတော့ဘူး တစ်ခုခုဆို ပြုံးပြုံးလေးပဲနေတတ်လာတယ်
နောက်ပိုင်းကျန်းချန်းက အဲ့အပြုံးတွေကိုသတိထားမိလားပြီးအရမ်းကြောက်ဖို့ကောင်းတယ်ဆိုတာကိုပါသိလာသည်
…………………
yibo ကကျောင်းတက်စအရွယ် ရှောင်ကျန့်တို့ကပထမနှစ် ပထမနှစ်ကိုချောချောချူချူပဲပြီးသွားတယ် ဘာမှ ထွေထွေထူးထူးမရှိဘူး
ဒုတိယနှစ် အစပိုင်းအဆင်ပြေနေတေးတယ် ကျောက်ရိုးမျှင်နဲ့မတွေ့ခင်အထိ
"hello"
"…"
"ဟုတ်ကဲ့ဗျ"
"…"
"ဟုတ်ကဲ့ ပြောလိုက်ပါမယ်ဗျ"
"ဘယ်သူဆက်တာလည်း"
"ဟိုသခင်လေးyiboကျောင်းကပါ သခင်ကြီး"
"ဘာပြောတာလည်း"
"ရန်ဖြစ်လို့တဲ့ အဲ့တာကျောင်းကဆက်တာ မိဘကိုယ်တိုင်လာရမယ်တဲ့"
"ကျစ် ဘယ်လောက်တောင်ဆိုးဆိုးဝါးဝါးဖြစ်လို့ ကျောင်းသွားရမာလည်းမသွားဘူး ရှောင်ကျန့်ကိုphဆက်လိုက်သူသွားလိမ့်မယ်"
*လူကောင်ကသေးတာသေးတာ ဇ နဲ့ဟ*ရှောင်သခင်ကြီးတွေးမိလိုက်သည်
"ဟုတ်ကဲ့"
~~~
ရှောင်ကျန့်ကျောင်းရုံးခန်းရောက်သော်
တစ်ဘက်က ကောင်လေးရဲ့မိဘတွေလည်းရောက်နေသည်ဟိုကောင်းလေးကတော့ မျက်ခုံးပေါက်သွားတယ် လက်မာကလည်းဓားရှထားတဲ့ဒဏ်ရာနဲ့
အင်းအရမ်းကြီးမဆိုးဝါးပါဘူး
ပါးကပုံကြီးချဲ့ပြောနေလို့လန့်သွားတာပဲ
ပြေပြေလည်လည်ပဲပြီးသွားပါတယ် ဟိုဘက်ကလေးကိုဆေးဖိုးဝါးခတွေပေးပြီးတော့ပေါ့
ကျောင်းအုပ်ကြီးက
"ကဲရှောင်ကျန့် မင်းမြင်တဲ့အတိုင်းပဲမင့်ညီက တစ်ဖက်သားကို အဲ့လိုလုပ်လိုက်တာ အဲ့တော့ မင့်ညီကိုနဲနဲပါးပါး…"
"ဟုတ်ကဲ့ ကျနော် ဟိုကျောင်းသားကိုသွားပြီးဆုံးမလိုက်ပါမယ်"
"ဟဲ့ဟဲ့ မဟုတ်ဘူးလေ"
ကျောင်းအုပ်ကြီးပြောတာကိုနားမထောင်ဘဲပြောချင်ရာပြောပြီး yiboလက်ကိုဆွဲကာထွက်ခဲ့လိုက်သည်
……………
"ပါးပါး သားကိုဆူဘူးလား?"
မျက်နှာငယ်လေးနဲ့ ခေါင်းအောက်ငုံ့ထားပြီးရှောင်ကျန့်ကိုခိုးခိုးကြည့်ကာရှောင်ကျန့်ရဲ့ မျက်နှာအခြေအနေကိုခန့်မှန်းနေသည်
"ဘယ်နားနာသွားလည်းပြော"
ရှောင်ကျန့်ကတော့ yiboလက်ကိုတွဲလျက် yiboကိုမကြည့်ဘဲပြောလိုက်သည်
"ဟင့်အင်နာဘူးပါးပါးစိတ်ဆိုးဘူးလား?"
သူကိုမကြည့်ဘဲဖြေလိုက်တာကို စိတ်ဆိုးသွားသည်လို့ ထင်လိုက်သည်နှင့်တူသည် အသံလေးက ဝမ်းနည်းသံလေးပေါက်သွားသည်
