6

880 63 0
                                    

ယွမ်ရိဖန့် ကလေးသရုပ်ဆောင် တက်သစ်စကြယ်ပွင့်လေးလို့ လူအများကခေါ်ကြတယ် သူ့အဖေကalpha,wang com ကရာထူးကြီးတစ်နေရာက အမေက omegaသူတို့အတန်းပိုင် အစ်ကိုတစ်ယောက်ရှိတယ် အစ်ကိုကbeta လူမိုက်

ရှောင်ကျန့် နည်းနည်းတော့ဇာတ်ရည်လည်လာသလိုရှိလာတယ် ရိဖန့်အကြောင်းဖတ်ပြီး ဒါပေမဲ့ဘာလို့ yiboကို အဲ့လိုလုပ်လည်းစဉ်းစားမရပြန်ဘူး
နောက်သူ့အကြောင်း weibo မာစတင်ရှာတယ် ရိဖန့်အကြောင်းတွေနဲ့အတူ yiboအကြောင်းတွေပါတက်လာတဲ့အပြင် yiboနေတဲ့အခန်းကနာမည်ကြီးနေတယ် လူတွေရဲ့အာရုံစိုက်မှုခံရတာ ရိဖန့်မဟုတ်ဘဲ yiboဖြစ်နေခဲ့တယ်
ဒီလောက်ဆို ရှောင်ကျန့်သဘောပေါက်ပြီ ရိဖန့်ကyiboကိုသဘောမကျလို့ ပညာပြချင်တာ

ဒီကိစ္စမာ သူတို့မိသားစုတစ်ခုလုံးအပြစ်ရှိတယ်လို့ ရှောင်ကျန့်ကယူစတယ်
အဖေဖြစ်သူကော အမေဖြစ်သူကကော ရိဖန့်ကိုမတားတဲ့အပြင် အစ်ကိုဖြစ်သူကပါ လူမိုက်ငှားပေးတယ်

သူများတွေက တက်သစ်စကြယ်ပွင့်လေးကိုအများကြီးမျှော်မှန်းထားကြပေမဲ့ ရှောင်ကျန့် ကြယ်တစ်ပွင့်ဖြစ်မလာခင် အခုချိန်မာရပ်တန့်ဖို့ကြိုးစားတယ် အခုအချိန်က အနာဂတ် ကြယ်တစ်ပွင့်ကို ရပ်တန့်ဖို့အကောင်းဆုံးအချိန်ပဲ

ရှောင်ကျန့်ရဲ့ ပထမဆုံးအစီအစဉ်အရ ရိဖန့်နဲ့ ရင်းနီးမှုယူဖို့
ရိဖန့်နဲ့ရင်းနီမှုယူတာ ထင်သလောက်မခက်ခဲပါဘူး နည်းနည်းပါးပါး လုပ်ကြံလိုက်ရုံနဲ့ရတယ်
သုံးရက်အတွင်း ရိဖန့်နဲ့ခင်မင်မှုရတယ်
လူရမ်းကားတွေကိုငှားပြီး ပေါကားရိုက်တယ် heroကြီးဝင်လုပ်ပြတော့ ရိဖန့်က သဘောကျတယ် ဘယ်လောက်ထိသဘောကျလည်းဆိုတော့ သူ့အိမ်ကို ထမင်းခေါ်ကျွေးတဲ့အထိ နောက်ထပ်သုံးရက်လောက် ရိဖန့်အိမ်ကို အဝင်အထွက်လုပ်တယ်
ရိဖန့်အိမ်ကို ဝင်ထွက်နေတာ သုံးရက်လောက်ရှိပြီ ရှောင်ကျန့်က yiboရဲ့ပါးပါးဆိုတာ ဘယ်သူ့မှမသိဘူး
ဘယ်လိုသိမာလည်း yiboရဲ့ အုပ်ထိန်းသူနေရာက ရှောင်ကျန့်အဖေလေ ရှောင်ကျန့်ကငယ်တေးတော့ အုပ်ထိန်းသူနေရာ သူ့အဖေက မထည့်ခိုင်းထားဘူး
yiboကတော့ ရှောင်ကျန့်ကိုဆို ပါးပါး ရှောင်ကျန့်အဖေဆို ဖိုးဖိုးလို့ခေါ်တယ် နည်းနည်းထူဆန်းလိမ့်မယ် ဒါလည်း အကြောင်းရှိပါတယ်

PAPA, loke meWhere stories live. Discover now