Doll-2

248 38 15
                                    


(Warning သေးသေးပိစိလေးပါသည်)

Doll 2

အဆင့်မြင့်အသုံးဆောင်များနှင့်သာ ပြင်ဆင်ထားသော တိုက်ခန်းတခန်းစာမျှကျယ်ဝန်းတဲ့ ရုံးခန်းအလယ်၌ဝန်ကြီးချူ ပ် Oh တစ်ယောက်မျက်မှန်တလက်တပ်ကာ စာရွက်ပေါင်းသောင်းခြောက်ထောင်ကြား ခေါင်းမြုပ်နေလေ၏။အကောင်ကြီးများရဲ့ တချိူ့သောစီးပွားရေးဆိုင်ရာကိစ္စများက Sehunလက်မှတ်ပါမှသာ လုပ်လို့ရသည်မို့ တစ်နေ့တစ်နေ့လာဘ်ထိုးပနာအမျိူ းမျိူ းဆက်သကာ ပေးပို့လာတဲ့စာရွက်စာတမ်းများကမနည်း။Sehunက အလုပ်လုပ်ရာတွင် တိကျသည်ဆိုသော်ငြား စာအုပ်ကြီးအတိုင်းတော့မသွားပေ...လူထဲကလူပဲမို့ယူသင့်တာဆိုလျင်ယူကာ ခွင့်ပြုချက်ပေးပြီး တရားဥပဒေနဲ့လုံးဝမလွတ်ကင်းလျင်တော့ အဲ့ဒီ့အရာနဲ့ပတ်သက်သော မည်သည့်စာရွက်စာတမ်းကိုမဆို ချက်ချင်းဖယ်ထုတ်ပစ်၏။

SH"ဒီနေ့အရုပ်လေးကိုသွားတွေ့ပါမယ်ဆိုမှ ဒီစာရွက်တွေကမကုန်နိုင်တော့ဘူးလားကွာ!"

!တီ တီ တီ တီ!

မကျေမနပ်ရေရွတ်နေမှုအဆုံးထကာ မြည်တမ်းလာတဲ့ ရုံးဖုန်းသံကြောင့်Sehunလက်လှမ်းကာ ကိုင်လိုက်ချေ၏။

SH"Hello Oh Sehunပြောနေပါတယ်"

WH"Sehunရေ ဦးလေးWon Hoပါ"

SH"အဲ သမ္မတကြီးမင်္ဂလာပါခဗျ...ဘာကိစ္စများရှိလို့ ရုံးဖုန်းထိတောင်လှမ်းခေါ်ရတာလဲမသိဘူး"

WH"အေးကွယ် မင်းအကူညီလိုနေလို့"

တဖက်မှသမ္မတရဲ့စကားကြောင့် Sehunမျက်ခုံးတို့ပင့်တက်သွားချေသည်။သမ္မတကသူ့ထံတွင်ပြန်ပြီး အကူညီတောင်းမည်ဆိုတော့ ဘာများပါလိမ့်။

SH"ဟုတ်ကဲ့ပြောပါ"

WH"ငါ့တူတစ်ယောက်ကအခုသူလုပ်မယ့် လုပ်ငန်းပိုင်းမှာမင်းရဲ့ခွင့်ပြုချက်လက်မှတ်လိုနေတာ...အဲ့ဒါတစ်ချက်လောက် အိမ်မှာလာပြီးစာရွက်စာတမ်းတွေယူပြီး လက်မှတ်ထိုးပေးလို့ဖြစ်မလား?"

အရေးကြီးသည့်ကိစ္စထင်သော်ငြား လက်မှတ်ထိုးခိုင်းဖို့ခေါ်ခြင်းမို့ Sehunခနဲ့ပြုံးပြုံးလိုက်လေ၏။အတူတူပါပဲ ဘယ်ရာထူးနေရာမှရှိရှိ အာဏာသုံးပြီးကြားဖြတ်ချင်စိတ်ပဲရှိတဲ့လူက အမြဲအဲ့လိုကြားဖြတ်နေဦးမှာပဲ...သို့တိုင်မလုပ်ပေးလို့လဲမဖြစ်ပေ...သူကသမ္မတကိုယ်ကဝန်ကြီးရယ်မလား...။

Stealing A Little Doll (အရုပ်လေးအားခိုးယူခြင်း)Where stories live. Discover now