Doll-4

170 24 39
                                    

'1လခန့်ကြာပြီးနောက်'

လတ်တလောတွင်နိုင်ငံရေးပိုင်းတို့ကရှုပ်ထွေးနေသည်မို့ Sehun,Baekhyunကိုသွားမတွေ့ဖြစ်တာပင်အတော်လေးကြာခဲ့ပြီ...Baekhyun ကိုချော့ခြင်းအမှုပြီးခဲ့တာတောင် ၁လရှိပေါ့...သမ္မတကလည်းဘယ်အညွှန်းနဲ့များအလုပ်တစ်ပုံတစ်ပင်ပိုပေးတာလဲမသိ နောက်၂လလောက်ကြာရင်တောင် သူခိုင်းသမျှအကုန်မပြီးနိုင်သေးပေ။

ဒီတစ်လ လုံးသူ့ကလေးလေးအား သူလုံးဝမတွေ့ရသေး...ထိုစိတ်ကြောင့်အလုပ်လုပ်ရတာတောင်မဖြောင့်ပေ...ဘယ်သူတွေနဲ့များကျောင်းမှာပေါင်းမိနေမလဲ၊ဘယ်သူတွေကများသူ့ကလေးကိုလာကပ်နေမလဲလို့တွေးပူရသည်မှာအမော...ဒါပေမဲ့ပြေးတွေးလိုက်ပို့ထိလေးကိုတောင် အချိန်ကမရှိ...တရုတ်နဲ့ကိုရီးယားကိုကူးချီသန်းချီနဲ့ မတော်ရသေးတဲ့ယောက္ခထီးကြီးခိုင်းထားတဲ့ Project ပြီးပျက်ရေးအတွက်လုံးပန်းနေရသည်။

'Knock Knock'

"ဝင်ခဲ့ပါ"

"ဝန်ကြီးOh ဒါမနေ့က ဝန်ကြီးစစ်ခိုင်းထားတဲ့ Project File ပါ...အကုန်အဆင်သင့်ဖြစ်သွားပါပြီ...စောစောက သမ္မတကြီးဖုန်းဆက်လာပါတယ်...File အဆင်သင့်ဖြစ်ရင်ယူခဲ့ပြီးတော့ ညနေ၅ နာရီလောက်အိမ်ကိုလာခဲ့ပါတဲ့...ဝန်ကြီးကိုကျေးဇူးတင်စကားပြောချင်ရင်း Dinner ကျွေးချင်လို့ပါတဲ့"

စာရွက်စာတမ်းတသီတတန်းပါသော File တစ်တွဲတစ်ခုကိုပေးလာရင်းအသိပေးလာတဲ့ အတွင်းရေးမှူးအား Sehun File တွဲကိုလှမ်းယူပြီးခေါင်းငြိမ့်ပြလိုက်၏။

ဒီProject ကအတော်လေးအရေးကြီးတယ်ဟုပြောရမည်...အောင်မြင်ဖို့က၉၀ ရာခိုင်နှုန်းလောက်သေချာ၏...သေချာပေမဲ့ပေါက်ကြားလို့မဖြစ်တဲ့ Project မျိူးပေ...တကယ်လို့သာမအောင်မြင်ခင်ပေါက်ကြားသွားပါက ကိုယ်တင်မဟုတ် သမ္မတတောင်ဘုံပျောက်နိုင်ချေရှိသည်။

ဒါကြောင့်Sehunမှာ ဒီProject မပြီးမချင်းဘာကိစ္စမှာကိုအာရုံထားနိုင်ဖွယ်ရာမရှိ...သို့ပေမဲ့ ညှို့အားပြင်းတဲ့ကလေးလေးတစ်ယောက်ကိုတော့ဖြင့် ပြေးမတွေးနိုင်သည့်တိုင် အတွေးထဲကမထုတ်နိုင်ပေ။

Stealing A Little Doll (အရုပ်လေးအားခိုးယူခြင်း)Where stories live. Discover now