"လက်ထပ်ပွဲ"
တောင်ကိုရီးယားနိုင်ငံ၌ ကောလဟာလတစ်ခုဟာ အတွင်းသတင်းဆိုသည့်ခေါင်းစဥ်ဖြင့် လိုင်းပေါ်ပျံ့နှံ့နေသည်...
ဤသည်ကပြည်သူတွေသိပ်သဘောကျတဲ့ ဝန်ကြီး Oh အား ရာထူးသိမ်းစဲတော့မည်ဆိုတဲ့သတင်းပေ...
ထိုသတင်းဟာကိုရီးယားရဲ့နေရာတိုင်းတွင်ပျံ့နှံ့နေပြီး လူအတော်များများဟာလည်းမျိူးစုံဝေဖန်နေကြလေပြီ...သတင်းထောက်များစွာဟာလည်း Sehun ရဲ့ရုံးခန်းနှင့်အိမ်ကိုဝိုင်းထားပြီး သတင်းရယူဖို့စောင့်နေကြပေမဲ့ ကာယကံရှင်မရှ်တာကိုတော့မသိကြပေ...
ကာယကံရှင်ရယ်က Giethoorn ရှိဘုရားကျောင်းလေးတစ်ခုသို့သွားရန် ချစ်ရသူနဲ့လက်ချိတ်လို့ပျော်ရွှင်လျက်...
အထူးတလည်ပြင်ဆင်ထားသော Wedding ညစာစားပွဲဟာမကြာခင်မှာ အသက်ဝင်ပေတော့မည်...တကယ်တမ်းSehunဟာ Giethoorn ကိုဦးတည်ဖို့ဆုံးဖြတ်လိုက်ထဲက ငွေကုန်ကြေးကျခံကာ ရိုးရှင်းစွာပင်အလှပဆုံးဖြစ်စေမယ့် Wedding ကိုလေယာဥ်ပေါ်တက်ထဲကစတင်အစီစဥ်ဆွဲချလိုက်ခြင်းပင်...
Sehun ခေါ်ထားတဲ့ရှေ့နေများကတော့ ချိန်ထားတဲ့အချိန်ထက် ၅နာရီလောက်နောက်ကျပြီးမှ Giethoorn သို့ရောက်လာသည်...ထို့ကြောင့် လက်ထပ်လက်မှတ်ထိုးပွဲအား ညနေစောင်းမှလုပ်ရပေမဲ့ မီးရောင်တွေနဲ့ပတ်ဝန်းကျင်က ပိုလို့ပင်လှပအသက်ဝင်နေသည်မို့ Baekhyun စိတ်ကျေနပ်နေတော့သည်...
သူတို့နှစ်ဦးလက်ထပ်မည့်နေရာက ဒီ Giethoorn ဝန်းထဲမှာပဲရှိတဲ့ Church ကျောင်းမှာဖြစ်ပြီး...လက်ထပ်မှတ်ပုံတင်ဖို့ ရှေ့နေနှစ်ဦးကိုလည်းခေါ်ယူထားပြီးဖြစ်သလို Party အတွက်ကိုပင်လာရောက်လည်ပတ်သူများကို ဒီတည်းခိုဝန်းရဲ့တာဝန်ရှိသူများက လိုက်လံဖိတ်ကြားထားပေးသေး၏...
အရိုးရှင်းဆုံးကအလှပဆုံးဆိုတဲ့စကားအတိုင်းပင် Church ကျောင်းသို့သွားရာလမ်းတစ်လျှောက်က
စိမ်းစိုစိုသစ်ပင်တွေပေါ်၌ချိတ်ဆက်ထားသော ဝါကျင့်ကျင့်မီးကြိုးတန်းလေးတွေက ပနံသင့်သင့်ထွန်းတောက်လျက်ရှိသလို...ဝန်ထမ်းများခင်းပေးထားတဲ့ ပန်းခင်းလမ်းလေးဟာလည်း ရိုးရှင်းစွာလှပလို့နေသည်...
VOCÊ ESTÁ LENDO
Stealing A Little Doll (အရုပ်လေးအားခိုးယူခြင်း)
Romance"ဦးကBaekhyuneeရဲ့အရာရာပါ" "Baekhyuneeကလဲဦးရဲ့ဘဝကြီးပါကွာ"