~2~

381 77 3
                                    

Unicode.....

"ဟိတ် ထုံးစံအတိုင်းငမ်းတုန်းဘဲလားကွ"

မိုးကတအုံးအုံးရွာနေပေမယ့် ကျောက်သင်ပုန်းထက်ကစည်းချက်ညီညီလှုပ်ရှားနေတဲ့Jiminရဲ့လက်သေးသေးလေးတွေကိုငေးရင်း တအုန်းအုန်းမိုးသံကလည်းJungkookနားထဲမှာ ကာရံကိုညီလို့။
ကိုယ့်စိတ်ကူးနဲ့ကိုယ် ကျောက်သင်ပုန်းကစာတွေကိုဖျက်နေတဲ့Jiminကိုထိုင်လျက်ငေးနေတုန်း နားနားကပ်ကာလေသံနဲ့ပြောလာတဲ့စကားသံကိုကြားတော့လူကဆတ်ကနဲတောင့်တင်းသွားသည်။

"လန့်သွားလား ဟဲဟဲ"

ဘယ်သူလဲကြည့်လိုက်တော့Kim Taehyung....
Jiminသူငယ်ချင်းတွေထဲကတစ်ယောက်‌ပါဘဲ။

"Jaehunကပြောတယ်။မင်းဒီလိုငေးရင်းနဲ့ဘဲ အကုန်လုံးသူများနောက်ပါသွားကြတယ်တဲ့"

Jungkook Taehyungကိုတစ်ချက်ကြည့်ပြီးတာနဲ့ သူ့ခေါင်းကိုရှေ့ဘဲပြန်လှည့်ကာ Jiminကိုပြန်ငေးနေလိုက်သည်။

"နောင်တစ်ချိန်မှာပြန်တွေးရင် နောင်တမရရလေအောင် တစ်ခါလောက်ဘဲဖြစ်ဖြစ်မင်းစိတ်ထဲရှိတာတွေကိုအသိပေးလိုက်ပါလား
စာသင်နှစ်ကတစ်ဝက်ကျိုးပြီ။အချိန်သိပ်မကျန်တော့ဘူးJungkook Jiminကဒီမြို့ကိုရောက်လာတာမကြာသေးတဲ့ဧည့်သည်လေ၊ အချိန်မရွေးပြန်ထွက်သွားနိုင်တယ်။"

ထင်းကနဲဖြစ်သွားသည့် လျှပ်စီးအလင်းနဲ့အတူ Kim Taehyungစကားကလည်းသူ့အသိစိတ်ထဲလင်းကနဲပင်....

တစ်ခါလောက်ဘဲဖြစ်ဖြစ် ကြိုးစားကြည့်လိုက်ရမလား.....

              ☘︎☘︎☘︎

ဒီနေ့ကတော့Jungkookပြဿဒါးနေ့ဘဲ။
အရင်ရက်တွေက Taehyungပြောတဲ့စကားတွေက သူ့ကိုဖွင့်‌ပြောဖို့ဆိုးဆိုးရွားရွားတွန်းအားပေးနေခဲ့တာ စိတ်နဲ့ကိုယ်တောင်မကပ်။စာထဲစိတ်ရောက်ဖို့ဝေးစွ ဂိမ်းဆော့တာတောင်ရှုံးတယ်။စာမေးပွဲကြီးနီးလို့ ကစားတဲ့အကြိမ်ရေကျဲလာတဲ့ ဘောလုံးပွဲမှာလည်းအလွဲလွဲအချော်ချော်။

မနေ့ညနေက Jungkookဂိမ်းဆိုင်သွားတာကိုလက်ပူးလက်ကြပ်မိလာတဲ့မေမေက ဒီနေ့အတန်းပိုင်ဆရာမနဲ့သူ့အခြေအနေကိုလာဆွေးနွေးတဲ့အခါ အတန်းပိုင်ကလည်းJungkookအမှတ်တွေကအားရစရာမရှိကြောင်းပြောတော့ အိမ်ပြန်မရောက်ခင်ကျောင်းမှာတင်မေမေက သူ့ကိုကောင်းကောင်းဆူသွားပြီးပြီ။အိမ်ပြန်ရင်ဖေဖေကပါဆူတော့မယ်။

ထီးလေးမိုးပေးပါ(Eden Contest)Where stories live. Discover now