Unicode.....
တတီတီမြည်နေတဲ့ ကုတင်ဘေးရှိစားပွဲပေါ်ကနာရီဆီမှနှိုးစက်သံကြောင့် သူ့လက်တစ်ဖက်ဖြင့်မပွင့်သေးသောမျက်စိအစုံကိုပွတ်သပ်ကာ သူ့ခေါင်းရင်းကနာရီကို နောက်လက်တစ်ဖက်ဖြင့်ဘေးတိုက်စမ်းနေလိုက်သည်။
ဟော...စမ်းမိပြီ။
နာရီနှိုးစက်ခလုတ်ကိုလည်းမျက်စိမှိတ်လျက်သာအေးအေးဆေးဆေးပိတ်လိုက်နိုင်ပါသည်။ဒါသူ့အတွက်နေ့စဉ်လုပ်နေကျအရာတွေထဲကတစ်ခုဘဲဟာ။သူ့စာရေးစားပွဲရဲ့ဘယ်နေရာမှာဘာရှိလဲ အလွတ်မှတ်မိနေတဲ့အတွက် ဘာမှအခက်အခဲမရှိ။
ဘယ်လောက်ဘဲအပျင်းကြီးသူဖြစ်စေ၊အပျင်းမကြီးသူဖြစ်စေ မည်သူမဆိုအေးစိမ့်စိမ့်မနက်ခင်းမှာအိပ်ရာကနိုးထဖို့အနည်းနဲ့အများတော့အားယူရပါသည်။
သူ့ကုတင်ခေါင်းရင်းက မေမေမနက်စောစောတည်းကလာပြီး ဖွင့်ထားတဲ့ပြတင်းပေါက်ဆီမှ ဝင်လာတဲ့မိုးသက်လေအေးအေးမှာ မိုးစက်တချို့ကပါလာပြီးသူ့မျက်နှာပေါ်မထိတထိကျရောက်လာသည်။
ဒီတော့ သူ့ခန္ဓာကိုယ်မှဆွဲခွာရန်အသင့်ဖြစ်နေသည့်စောင်ကို ရင်ဘတ်အထိပြန်ဆွဲယူကာခန္ဓာကိုယ်ကိုယခင်ကထပ်ပိုပြီးကွေးကွေးလေးကျုံ့လိုက်သည်။ခဏအကြာအိမ်ခေါင်မိုးပေါ် တဗြောင်းဗြောင်းကျလာသည့်မိုးစက်မိုးပေါက်တို့ရဲ့အသံတွေကြောင့် သူလှဲအိပ်နေရင်းမှအသံသေးသေးလေးထွက်ကာ ညည်းညူမိလိုက်သည်။
ဒီပုံစံနဲ့ကျောင်းကိုဘယ်လိုသွားရမလဲ။မိုးအေးအေး စိုစိုစိစိနဲ့။
သူ့အဖို့မိုးရွာတဲ့နေ့တွေကို ကြိုက်တယ်၊မကြိုက်ဘူးဟူ၍ပုံသေရှိမနေပါ။သူ့အတွက်လုပ်ငန်းဆောင်တာမရှိသည့်အားလပ်ရက်မျိုးမှာမိုးရွာတာကို အလွန်နှစ်သက်ပြီးအိပ်ရာထဲစောင်ခြုံကွေးနေလိုက်ခြင်းက တရေးတော့ကောင်းကောင်းအိပ်ပျော်သွားတာမို့ အားလပ်ရက်မှာမိုးရွာတာကိုသူကြိုက်ပါသည်။ဒါပေမယ့်အခုလိုမျိုး ကျောင်းသွားရမည့်မနက်ခင်းတွင် သာမန်ဆိုတက်ကြွနေမည်ဖြစ်သောစိတ်အစဉ်ကို လေးတိလေးကန်ဖြစ်စေမည့် ယခုလိုမိုးရွာတဲ့နေ့ကိုတော့သိသိသာသာစိတ်ပျက်ပါသည်။သိပ်အပန်းမကြီးပေမယ့် ကျောင်းဝတ်စုံကိုမိုးရေမစိုအောင်ထိန်းသိမ်းပြီးကျောင်းသွားရတာမျိုးကိုတော့ သူအပါအဝင်ဘယ်ကျောင်းသားမှသဘောကျလိမ့်မည်မထင်။
ESTÁS LEYENDO
ထီးလေးမိုးပေးပါ(Eden Contest)
FanficUnicode version အဲ့ဒီ့နေ့ကထီးလေးမိုးပေးလာတဲ့ ငါ့ရဲ့ကမ္ဘာငယ်လေးကြောင့် ငါ့မြတ်နိုးမှုတွေကိုမထိန်းချုပ်တော့ဘဲ အချစ်အဖြစ်ပြောင်းလဲပြီး အဲ့ဒီ့ကမ္ဘာငယ်လေးဆီကိုပို့လွှတ်ဖို့ရှေးရှုလိုက်မိချိန်မှာ...... 3.9.2021 Zawgy versi...