~3~

549 92 15
                                    

Unicode.....

တစ်ရက် နှစ်ရက် သုံးရက်မှ
တစ်ပတ် နှစ်ပတ် သုံးပတ်၊
အခုဆို တစ်လ နှစ်လ သုံးလတိုင်ခဲ့ပြီ။
Jungkookနဲ့Jiminတစ်အိမ်ထဲတူတူနေကြရင်း အမှတ်တရတချို့ဖန်တီးဖြစ်ခဲ့သည်။
အိမ်ကစောစောထွက်ကာ ကားမစီးဘဲကျောင်းအထိစကားပြောရင်းလမ်းလျှောက်သွားတဲ့မနက်ခင်းတွေလည်းရှိခဲ့ပြီ။ကျောင်းစာကြည့်တိုက်မှာဘေးချင်းယှဉ်ပြီးလည်း စာကြည့်ဖူးခဲ့ပြီ။ညနေစောင်းတွေမှာ ဟန်မြစ်ကမ်းမှာတူတူထိုင်ရင်းလည်းလေညှင်းခံခဲ့ဖူးပြီ။ပိတ်ရက်တွေမှာ မတောက်တခေါက်နဲ့မုန့်တွေလည်းတူတူလုပ်စားဖူးကြပြီ။Jiminနှင့်အတူဖြတ်သန်းရတဲ့နေ့တွေဟာ Jungkookအတွက်ပျော်စရာအတိ။

ဒီလိုသာမန်သူငယ်ချင်းဆက်ဆံရေးကလည်း ချစ်သူရည်းစားဆက်ဆံရေးလောက်ပွင့်လင်းလို့မရပေမယ့် အတော်လေးတော့ပျော်စရာကောင်းပါသည်။တစ်ဆက်တည်းမှာဘဲ သူ့စိတ်ကိုလက်ခံဖို့မသေချာတဲ့Jiminကို ဖွင့်ပြောတာထက်စာရင် ဒီလိုလေးဘဲဆက်နေသွားရမလားဆိုတဲ့အတွေးတွေဟာJungkookကိုညတွေမှာ ထပ်မံအိပ်ရေးပျက်စေပြန်သည်။

"ငါဘယ်တော့မှအိမ်ထောင်ပြုမှာမဟုတ်ဘူးJungkook"

ဒီနေ့ကျောင်းပိတ်ရက်လည်းဖြစ်ပြီး တစ်မနက်လုံးအတွက်Jungkookရဲ့အချိန်ပိုင်းအလုပ်ချိန်တွေမရှိ။ခပ်ဖွဲဖွဲမိုးရွာနေတဲ့ ချမ်းစိမ့်စိမ့်မနက်ခင်းမှာ သူနဲ့Jiminက Biscuitတစ်ချို့နဲ့နွားနို့တစ်ခွက်စီစားသောက်ရင်း ဧည့်ခန်းထဲကTVရှေ့မှာ ခရီးသွားအစီအစဉ်တစ်ခုကိုတူတူထိုင်ကြည့်နေကြသည်။

"ဟင်! ဆိုင်းမဆင့်ဗုံမဆင့် မင်းဘာတွေထပြောနေတာလဲကွ"

"လွတ်လပ်တယ်လေကွာ။ဘွဲ့ရပြီးရင် မေမေ့ဆီကအမွေတွေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်မယ်။အားလပ်ရက်တွေမှာ ဒီလိုခရီး‌တွေသွားမယ်။စာတွေဖတ်မယ်။ပရဟိတတွေလုပ်မယ်။အိမ်မှာခွေးလေးကြောင်လေးတွေမွေးမယ်။မေမေထားခဲ့တဲ့ဂေဟာလေးကို ဆက်ပြီးသေချာဂရုစိုက်မယ်။အဲ့ကနေကလေးတစ်ယောက်မွေးစားပြီး ငါ့အမွေတွေကိုလွှဲပေးမယ်။အသက်ကြီးလာရင်ဘူဆန်မှာမင်းနဲ့လာနေမယ်။မင်းလည်းအိမ်ထောင်မကျခဲ့ရင်ပေါ့ကွာ ဟားဟား။ကြည့် ဘယ်လောက်တောင်လွတ်လပ်သလဲ။"

ထီးလေးမိုးပေးပါ(Eden Contest)Where stories live. Discover now