Trending no1:
Actor Sean dates with Actress Dara.Weiboမှာ trend no.1 ရောက်သည်အထိ အောင်မြင်နေတဲ့ သူ့ရည်းစားဟောင်းရဲ့ dating newsကိုကြည့်လို့ အိပ်ရာမှထလိုက်တယ်.....
အင်းးးးးအမြဲတွေ့နေကျမို့လို့ နှလုံးသားက အရေထူနေပါပြီ.....
ကိုယ်နဲ့ တုန်းကတောင် တိုးတိုးတိတ်တိတ် တွဲခဲ့ပါတဲ့ Seanက ကိုယ့်ကိုကိုယ် bi လို့ကြေငြာပြီး ယောက်ျားလေးရော မိန်းကလေးပါမကျန်တွဲတဲ့ သူ့ရဲ့ အချစ်ဟောင်း....အို...မဟုတ်သေးပါဘူး သူရဲ့ အမြဲတမ်းတသသချစ်နေဦးမယ့် တစ်ဦးတည်းသော.......ဒီတစ်ယောက်ကရော......အရင်လူတွေလိုပဲဖြစ်မှာပါလို့ အားတင်းရင်း သူ့ရဲ့ တစ်နေ့တာကို စတင်တယ်......
အော်...သူက သိပ်ကို အတ္တကြီးလွန်းနေသလား မသိ....
××××××××××××××××××××
Dream Café...
ဒါက သူ့ရဲ့ အေးချမ်းရာ နေရာလေးပဲ....
အပေါ်ထပ်မှာ စာအုပ်စင်ကလေးတွေနဲ့ အပြင်အဆင်ကိုclassicဆန်ဆန် ဒီဇိုင်း ဖန်တီးထားတဲ့ Book caféလေးရှိတယ်အောက်ထပ်မှာတော့ ခေတ်ဆန်ဆန် အပြင်အဆင်တွေနဲ့ net cafè လေးရှိတယ်....
တစ်ဆိုင်လုံးကို သူပိုင်တာဆိုသော်လည်း ခပ်အေးအေးနေတတ်တဲ့ သူ့သဘာဝအရ အပေါ်ထပ်မှာသာ အချိန်ပြည့်ရှိနေတတ်သည်
အောက်ထပ်မှာတော့ သူရဲ့ ညီလေးလိုဖြစ်နေတဲ့ ကျင်းရီက တာဝန်ယူတယ်...
"ကျင်းရီ .... ဧည့်သည်တွေ တအားများနေလား"
"အာ ရိပေါ်ကော.... သိပ်တော့ မကျသေးဘူး ဘာလို့လဲ"
"အပေါ်ထပ်ကိုပါ ကြည့်ပေးဦး....ငါသွားစရာရှိလို့"
"ဟုတ် ကော..."
ရိပေါ် ပါဆယ်ဗူးလေးကိုယူလို့ သူ့ရဲ့ Dream Caféကနေထွက်လာတယ်....
သူ့ရဲ့ဦးတည်ရာက အလွတ်ရနေတဲ့ .... သူအမြဲသွားဖြစ်ပေမယ့် တကယ်မရောက်ခဲ့တဲ့ နေရာ တစ်ခုဆီ.....ဒီနေ့က Oct.5 မလား!!!!!
××××××××××××××××××
သူအထက်တန်းကျောင်းကတည်းက မိဘတွေက ဆုံးပါးသွားခဲ့တာ....
အဲ့ကတည်းက ဝမ်ရိပေါ်ဆိုတာက အချိန်ပိုင်းအလုပ်ပြေးလိုက် စာလုပ်လိုက်နဲ့ သူတက်ချင်ပါတဲ့ အနုပညာတက္ကသိုလ်ကို တက်ရဖို့ ကြိုးစားရတယ်.....
