Part 1
ဒုန်း!!!!
အားးး"သွားပါပြီ ကုန်ပါပြီ ကုန်ပါပြီ 😭😭😭 ငါတစ်မနက်လုံးကြိုးစားပမ်းစားချက်ထားသမျှ ကုန်ပါပြီ အင့် ဟင့် ဟင့် အီးဟီးဟိးး ရွှတ်"
"ဒီမှာ ဒီမှာ ညီမလေး ရလား ထနိုင်လား"
"ဘာကို ညီမလေးလည်း အထီးဗျ အထီး အီးဟီးဟီးးးး ကားနဲ့လည်းတိုက်သေး လူကို အထီးအမလည်း မှားဟြေခံရသေးတယ်"
"အာ sorryပါ ညီရယ် အကို ရလား ထနိုင်ရဲ့လား"
ရှောင်ကျန့်တစ်ယောက် သူ့ကားရှေ့မှာ ပုံ့ပုံလေးလဲကျနေတဲ့ကောင်လေးကိုဆွဲထူလိုက်တယ် တကယ်က ကားက parkingကနေထွက်ကာစဆိုတော့ အရှိန်မပါဘူး ဘီးလှိမ့်တယ်ဆိုရုံလေး ကောင်လေးက ထောင့်ချိုးနားကနေထွက်လားတော့ တိုက်မိမလိုလေး ဖြစ်သွားရုံပါ
ဆွဲပြီး ထူပေးတော့ ကောင်လေးက အလိုက်သင့်လေးပါလာလေရဲ့
ဖြူဥဥ ဆံပင် ရွှေအိုရောင် ခပ်အုပ်အုပ်နဲ့ကောင်လေးက သူမှားလည်း မှားချင်စရာပါလေ"ဖြစ်ရဲ့လား ညီ ခြေထောက်အဆင်ပြေရဲ့လား နာနေလား"
"ဟုတ် ရပါတယ် ခြေထောက်ကရတယ်ရယ် မရတာက...."
"ဘာ ဘာဖြစ်လို့လည်း အကို ဆေးရုံပို့ပေးရမလား"
"အယ် လူက ဘာမှမဖြစ်ပါဘူး ဟီးးးး ဒါပေမယ့် ကျွန်တော့် ချိုင့်က စားလို့မရအောင် မှောက်ကျသွားပြီ"
ငိုမဲ့မဲ့လေးနဲ့ သူ့ ထမင်းချိုင့်လေးကို ကြည့်ပြီးဟြေနေတဲ့ ကောင်လေးက အိတ်ကပ်ထဲ အလုံးလိုက်ထည့်ပလိုက်ချင်စရာလေး"အာ လာလေ နေ့လယ်စာ အကို လိုက်ကျွေးပါ့မယ် ခုအတွက် အရော်သဘောပေါ့ကွာ"
"ဒါကျွန်တော့်ဖို့မဟုတ်ဖူး ကိုကို့ဖို့ အစောကြီးထပြီး ကိုယ်တိုင်ချက်လာတာ"
"ကိုကို?"
"အင်း ကိုကိုက ဒီcondoရဲ့ အပေါ်ဆုံးအထပ်က Golden ဆောက်လုပ်ရေး က CEOလေ ပြီးတော့ ကျွန်တော့ ချစ်သူ ဟီးးးး "
![](https://img.wattpad.com/cover/220432550-288-k674572.jpg)