Part 3

121 6 0
                                    

part 3

သားလေးရိပေါ်ကို အကြီးအကျယ်ဆုံး မင်္ဂလာမဆောင်ပေးပဲ ဘုရားကျောင်းမှာပဲ စေ့စပ်ပေးလိုက်သည်။
ပြီးတော့ လက်ထပ်ပြီး တစ်နှစ်ကြာမှ လက်ထပ်စရင်းသွင်းဖို့ ပြောထားတာရိပေါ်သဘောတူလို့ တော်သေးတယ်  ဘုရားကျောင်းကနေအပြန် ကျွန်တော်ရဲ့ မာယာအတိုင်း

" ဘာဖြစ်လို့လဲ Daddy "

" ဝမ်လေးDaddyက နှလုံးမကောင်းဘူးလေ
အခုပင်ပန်းလို့မောနေတာ  "

ကျန်းချန်ပြောတော့ ကလေးလန့်သွားပုံရသည်။

" ဟုတ်လား Daddy ရှင်းရှင်းအခန်းထဲ အရင်သွားနှင့် "

" ဟုတ်ကဲ့ မောင်  "

Dadyကို အခန်းထဲ ပို့လိုက်ပြီး

" ဦးလေး Daddyကိုစမ်းသပ်လေ "

" စမ်းသပ်ဖို့ ငါဆေးပစ္စည်းမပါဘူးလေ ဝမ်လေးရဲ့
အိမ်သွားယူလိုက်အုန်းမယ် "

" ဦးလေးကလည်းဗျာ Daddyနေမကောင်းပါဘူးဆိုမှ "

" ဘုရားကျောင်းကနေ တမ်းလာတာလေDaddyနား တဖါးဝါးမှမခွာနဲ့ Uncle ဆေးတွေသွားယူလိုက်အုန်းမယ် "

" ဟုတ် ဟုတ်ကဲ့ "

ကျန်းချန်နဲ့ကျင်းအာကျွန်တော်ကို မျက်စီမှိတ်ပြပြီး ထွက်သွားသည်။ ကျွန်တော်ကို စိုးရိမ်နေတဲ့ သားလေးကို ကြည့်ပြီး အရမ်းသနားပေမဲ့  ဒီလိုမှ မလုပ်ရင်
စေ့စားထားတာကို အိမ်ပေါ်ရောက်လာတဲ့
မိန်းကလေးနဲ့မင်္ဂလာဦးညဖြစ်မဲ့အပြင် ဟန်နီးမွန်းပါ ထွက်လာနိုင်တာကြောင့် ဟန်ဆောင်ရတော့သည် ကုမ္ပဏီ ကိုလည်း စိတ်ချရတဲ့ ယူဘင်း ကိုအပ်ထားသည်

"ချစ်ငယ် အင်္ကျီအရင်လဲလိုက်လေ  "

" ဦးလေးကပြောတယ် Daddyကစိုးရိမ်ရတယ်တဲ့  ဘယ်လိုလုပ် အင်္ကျီလဲနိုင်မှာလည်း "

"papa အခန်းထဲမှာ ညဝတ်အင်္ကျီတွေရှီတယ်
ယူလဲလိုက် ပြီးတော့ အခန်းထဲမှာ သတို့သမီးက တစ်ယောက်တည်း "

"Daddyလောက် ဘယ်အရာမှ အရေးမကြီးပါဘူး
Daddyအောက်စီဂျင်ရှုဖို့လို့လား  "

" ချစ်ငယ် အင်္ကျီအရင်လဲလိုက်ပါ  "

" အဲ့ဒါဆို သားအခန်းထဲမှာပဲ မြန်မြန်လေး သွားလဲလိုက်မယ် "

" အင်း ချစ်ငယ် "

အခန်းထဲရောက်တော့ ရေချိုးပြီးတော့စောင့်နေတဲ့ ကျွန်တော်မဟေသီလေး

" မောင်ရေချိုးတော့လေ "

" အင်္ကျီပဲ လဲတော့မယ် Daddyနေမကောင်းလို့ "

" ရှင်း ဘာလုပ်ပေးရမလဲ "

" ဘာမှ မလုပ်ပါနဲ့ ဒီအခန်းထဲမှာပဲ မောင်ကိုစောင့်နေ "

"ဒီနေ့က စေ့စပ်ထားတယ်ဆိုပေမဲ့
မောင်နဲ့ကျွန်မအတူတူနေရမဲ့မင်္ဂလာဦးညနော် မောင် "

"အင်း မောင်သိပါတယ်  "

ကျွန်တော် Daddyအခန်းထဲ ရောက်တော့
ဦးလေးကျန်းချန်က Daddy ကိုစမ်းသပ်ပေးနေသည်

" ဝမ်လေးဘယ်သွားနေတာလဲ "

" ကျွန်တော် အင်္ကျီလဲနေတာပါ ဦးလေး "

" သားရဲ့Daddy နှလုံးအခြေအနေမကောင်းဘူး အရမ်းစိုးရိမ်ရတယ်  "

" ဗျာ "

"ကျန်းချန်! မင်းကလည်း ငါသားလေးလန့်သွားအောင် "

"ဘာဘဲဖြစ်ဖြစ် သားလေး အမှန်အတိုင်းသိမှ မင်းနားမှာနေပြီး ပြုစုနိုင်တာပေါ့ ပြီးတော့ သားလေးသိတဲ့အတိုင်း အိမ်ဖော် မိန်းမတွေအားလုံး ဇယားချုတ်လို့ အလုပ်ထုတ်လိုက်ပြီ အိမ်ဖော်အမျိုးသားတွေပဲရှီတယ်
အဲ့ဒါသားရဲ့အမျိုးသမီးက အိမ်အလုပ်တွေရော လုပ်တက်ရဲ့လား  "

"ကျန်းချန်သားလေးကို ဘာလျှောက်ပြောနေတာလဲ သားလေး ဟန်နီးမွန်းတောင်မထွက်ရသေးဘူး သူမိန်းမကို အိမ်လုပ်ခိုင်းလို့ ဖြစ်ပါ့မလား "

"ကျန့်လေး.. မင်းရောဂါက အသက်အန္တရာယ်တောင် စိုးရိမ်နေရတာ ငါမပြောလို့ ဖြစ်ပါ့မလား "

" ဗျာ  Daddy! "

" မစိုးရိမ်ပါနဲ့ချစ်ငယ် "

သားလေး ကျွန်တော်ရင်ခွင်ထဲတိုးဝှေ့ပြီးဖက်ထားရင်း

" ဟန်နီးမွန်း မသွားတော့ဘူး Daddyကို
သားပြုစုပေးမယ်နော် "

ကျွန်တော်သားလေးကို ပြန်ဖက်ထားလိုက်ပြီး ကျန်းချန်ကိုရယ်ပြလိုက်သည် ဟူး ...သူငယ်ချင်း ဆရာဝန်နဲ့ ပေါင်းပြီး ဟန်ဆောင်ရတာမလွယ်ပါ့လား

DaddyWhere stories live. Discover now