Part 7

94 6 0
                                    

Part 7

📱

အစည်းအဝေးလုပ်နေတုန်း
ချစ်ငယ်ဆီက ဖုန်းလာတာကြောင့် ကိုင်လိုက်သည်။

" Daddy နေမကောင်းပဲနဲ့ ဘာလို့ ကုမ္ပဏီသွားတာလဲ "

" Daddy ကုမ္ပဏီမှာအရေးအကြီး အစည်းအဝေးရှီလို့ "

" ချက်ခြင်းပြန်လာပါ Daddy "

Yibo ဖုန်းပြောပြီး ရှင်းရှင်းလုပ်ပေးတဲ့
တရုတ်ဟင်းနဲ့ ထမင်းစားနေလိုက်သည်။

" ဘယ်လိုလဲမောင် စားကောင်းလား "

ရိပေါ်ရယ်ပြီး ခေါင်းညိတ်လိုက်သည်။

" ဘာရယ်တာလဲမောင် ",

" တော်ပါတော့ မောင်..မောင်နဲ့ကြက်သီးထလိုက်တာ "

" ဟားဟား..ဟားဟား "

နှစ်ယောက်သား အားရပါရရယ်မိသည်။

" ငါဝိုင်သောက်လို့ရလား "

" Daddyမှမရှီတာသောက်ပေါ့ "

Cheer!

Yiboနဲ့ရှင်းရှင်း ဝိုင်ခွက်တိုက်ပြီး မော့ချလိုက်သည်။

" နင်Daddyကတကယ်မလွယ်ဘူးပဲ
တော်သေးတာပေါ့..ငါကအချက်အပြုတ်ကျွမ်းလို့ "

" Daddyက နှလုံးရောဂါသမားလေ
အဲ့ရောဂါစဝင်တာနဲ့ စိတ်ဆတ်သွားတာလားမသိဘူး
ဘာပဲဖြစ်ဖြစ် ဒီကမောင်ကြောင့် သည်းခံပေးပါ
ကလေးရဲ့ "

" ဟွန်း..ရွံစရာကြီး "

ရှင်းရှင်း​နှုတ်ခမ်းဆူပြီးပြောတော့ ဝမ်ရိပေါ်
ရယ်လာသည်။

"  နင် Daddyလာပြီ "

ရှင်းရှင်း တိုးတိုးလေးပြောလိုက်သည်။

" Daddyမရှီတော့ ချစ်ငယ်တို့က လွတ်လပ်နေတယ်ပေါ့
ဝိုင်တွေဘာတွေနဲ့  "

Daddy အလိုမကျစွာပြောလေ၏

" သူတို့ကဖြင့်သာယာနေပြီး Daddyကို
စိတ်ပူချင်ယောင်ဟန်ဆောင်ပြီး ပြန်ခေါ်နေတယ်ပေါ့ "

Daddy ဒေါသဖြစ်နေပုံရသည်။ ရှင်းရှင်းကတော့
ဘာမှမပြောပဲငြိမ်ကုတ်နေသည်။
ဝမ်ရိပေါ်ကပဲ

" Daddyကလည်း သားတို့က ဝိုင်သောက်တာ
အပြစ်ဖြစ်သွားလား ရှင်းချက်ပေးတဲ့ တရုတ်ဟင်းက
အရမ်းကောင်းတော့ အရဿလည်းခံ
ဝိုင်လည်းသောက်ချင်သွားလို့ပါ
Daddyကောသောက်မလား "

" မောင်ကလည်း ဘာတွေပြောနေတာလဲ
Daddyက နှလုံးရောဂါသည်လေ ဝိုင်နဲ့မတည့်ဘူး "

"  ကြေးအိုးစားချင်တယ် ချက်ခြင်းလုပ်ပေး "

Daddyပြောပြီးထသွားသည်။

"  Daddyကတော့ အငြိုးကြီးစွာခိုင်းပြီ "

ရှင်းရှင်း ရှုံမဲ့သွားကာ ဆိုလေ၏။

💒

" Daddy ကြေးအိုးရပြီ "

ရိပေါ် အခန်းထဲက စားပွဲပေါ်မှာ ကြေးအိုးတင်လိုက်သည်။

Daddy ရေချိုးခန်းထဲကထွက်လာပြီး အဝတ်လဲခန်းကို
ဝင်သွားသည်။

"  Daddyမျက်နှာက ဘာဖြစ်နေတာတုန်း "

စူပုတ်စွာလာထိုင်တဲ့ ရှောင်ကျန့်ကို ရိပေါ်မေးလိုက်သည်။

"  မနက်ဖြန်ကစပြီး ကုမ္ပဏီလိုက်ခဲ့ "

ချစ်ငယ်ကို အိမ်မှာထားခဲ့ရင် ချစ်ငယ်ကသူမိိန်းမနဲ့
အတူတူအိပ်နေရင် သူရင်ကျိုးရချည်ရဲ့

" Daddyပဲ ကျွန်တော်ဝါဿနာမပါရင်
မလုပ်နဲ့ဆို "

" ဒါတော့ ဒါပေမဲ့ "

" Daddyဘာဖြစ်နေတာလဲ ပွင့်ပွင့်လင်းလင်းပြောပါ "

" ဘာဖြစ်ရမှာလဲ..ဘာမှမဖြစ်ဘူး "

" ကဲ့ပါ Daddy ကြေးအိုးသောက်ကြည့်
ကောင်းတယ် "

ဒီကလေးမမချက်တက်ဘူးတာဆိုတာ သူဘာခိုင်းခိုင်း
ဖြစ်အောင်လုပ်သည်။

" ကောင်းလား Daddy "

" ပေါ့တယ် "

" Daddy က နှလုံးရောဂါသည်လေ
အစပ်တွေ အငန်တွေ သိပ်မစားရဘူး "

ရှောင်ကျန့် သူ့အပြစ်နဲ့သူ ဆူပုတ်စွာစားနေရသည်။

💒

☀️

နိုးနိုးချင်းဘေးနားမှာ ချစ်ငယ်ကိုမတွေ့ရတာကြောင့်
စိုးရိမ်သွားမိသည်။

"  ချစ်ငယ်!..ချစ်ငယ် "

" သခင်ကြီး! "

" သားကော အေ "

" သခင်မလေးနဲ့ ခြံထဲမှာ အပင်တွေစိုက်
ရေလောင်းနေပါတယ် "

ရှောင်ကျန့် ထွက်ကြည့်တော့ သူတို့နှစ်ယောက်
အပင်အတူတူစိုက်ရင်း အူးမြူးနေသည်။
ရှင်းရှင်းသည် အရမ်းလှပတဲ့ မိန်းကလေးဖြစ်သလို
အိမ်တွင်းမှုကလည်း အခုတလောအရမ်းနိုင်လာ၏
ချစ်ငယ်နဲ့လည်း ဝါဿနာတူသည်။
အပင်လေးတွေကိုချစ်တက်သည်။
ရှောင်ကျန့် ဘယ်လိုလုပ်ပြီး သူတို့နှစ်ယောက်ကို
သွေးကွဲအောင်လုပ်ရမလဲ သူလည်းသားကို
မဆုံးရှုံးချင်ဘူး။

DaddyWhere stories live. Discover now