Part 5

100 7 0
                                    

Part 5

" ဆန်ပြုတ်က ပေါ့ချွတ်နေတာပဲ "

" Daddyက နှလုံးရောဂါဖြစ်နေတာလေ
အဲ့တာကြောင့် ပေါ့ထားတာ "

ရှင်းရှင်းဆိုလိုက်တော့ ရှောင်ကျန့် ချစ်ငယ်ကိုကြည့်လိုက်သည်။

" Daddyက ဆန်ပြုတ်အရမ်းမုန်းတာ "

" Daddyဘာစားချင်လဲဟင် "

" ကြက်သားကိုနူးနူးညံ့ညံ့ပေါင်းထားတာလေး
စားချင်တယ် "

" နာမည်ကြီးဆိုင် သမီးသိတယ် ချက်ခြင်းမှာပေးမယ်
Daddy  "

" အပြင်စာမစားချင်ဘူး သမီလေးကပဲလုပ်ပေးပါ့လား "

" သမီးမလုပ်တက်ဘူး "

" ခေတ်လူငယ်ဖြစ်ပြီး မတက်ရင် အင်တာနက်ကသင်ပေါ့ Daddyရဲ့သမီးက အဲ့လောက်တုံးလား "

" Daddy! "

" ချစ်ငယ်"

ရှောင်ကျန့် ညိုးငယ်သောမျက်နှာနဲ့
သားလေးကိုခေါ်လိုက်သည်။

"  ရှင်းရှင်း..Daddyစားချင်တာ
ချက်ခြင်းလုပ်ပေးလိုက် "

"  မောင်! "

" ချက်ခြင်းလုပ်ပေး "

ရှင်းရှင်း ဆူပုတ်သွားပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။

" Daddy ရပြီ "

ရှင်းရှင်း ကြက်သားပေါင်းကို စားပွဲပေါ်တင်လိုက်သည်။

ဝူရင်း ပါဆယ်ယူလာပြီး စားပွဲပေါ်တင်လိုက်သည်။

" ဒါဘာတွေလဲ "

" သမီးချက်တာကြာလို့ ပါဆယ်မှာလိုက်တာ
ဝူရင်း ချက်ခြင်းပြင်ပေး "

" Daddy အရမ်းလွန်တာပဲ အခုသမီးချက်တာပြီးနေ​​ပြီလေ "

" အား.."

ရှောင်ကျန့် ရင်ဘက်ကိုဖိပြီး ညည်းလိုက်သည်။

" Daddy..Daddyဘာဖြစ်တာလဲ
ရှင်းရှင်း Daddyကိုစိတ်ညစ်အောင်မပြောပါနဲ့ "

ရိပေါ် ကြက်သားပေါင်းကို Daddyကိုခွံကျွေးလိုက်သည်။

" ချစ်ငယ်ကအရမ်းလိမ်မာတာပဲ "

" မောင် ကျွန်မတို့ ဟန်နီးမွန်းထွက်ဖို့က.."

" Daddyကမင်းတို့ကိုလက်ထပ်ပေးခဲ့တာမဟုတ်ဘူး
စေ့စပ်ပေးခဲ့တာ "

" ကျွန်မက ဒီအိမ်မှာရောက်နေပြီပဲ
စေ့စပ်တာနဲ့ လက်ထပ်တာအတူတူပဲ "

" ဒီအိမ်မှာသမီးကိုလက်ခံတာက Daddyရဲ့သားကို
သမီးဘယ်လောက်ချစ်လဲ စမ်းသပ်ဖို့ခေါ်ထားတာ
အတူတူအိပ်ဖို့မဟုတ်ဘူး "

" Daddy! "

" မောင်..မောင်ရဲ့Daddyက "

" တစ်နှစ်ပါပဲ တစ်နှစ်လေးတောင်သည်းမခံနိုင်ဘူးလား "

" ဒါပေမဲ့ Daddyသားကိုပြောတာက "

ရိပေါ် Daddyကို နားမလည်စွာဖြစ်သွားရလေသည်။

" အား! "

ရှောင်ကျန့်ရင်ဘက်ကိုဖိကာ ညည်းညူလိုက်သည်။

" Daddy! "

" တစ်နှစ်လေးပါပဲ သားတို့အချစ်စစ်ရင်
Daddyခမ်းနားစွာလက်ထပ်ပေးမှာပါ "

" ဒါပေမဲ့သားတို့က "

" ချစ်ငယ်! "

Daddyကချစ်ငယ်လို့ခေါ်ရင် သူခေါင်းညိတ်ပြီးသား
ဖြစ်သွားသည်။

" ကောင်းပါပြီ Daddy! "

ရှောင်ကျန့်ပြုံးသွားသည်။

" သား Daddy အခန်းပြောင်းနေ "

ရှောင်ကျန်ဆိုတော့ ရိပေါ်နဲ့ရှင်းရှင်း မခွဲနိုင်စွာ
တစ်ယောက်ကိုတစ်ယောက်ကြည့်နေ၏
မတက်နိုင်ဘူး သူက သားအတွက်ဗီလိန်ဆိုလည်းရ၏
ချစ်ငယ်ကိုချစ်လွန်းလို့ရူးနေတဲ့ ကျွန်တော်က
ချစ်ငယ်ကိုရဖို့ဆို့ မာယာတွေတောင်လိုပုံလည်း
ပုံပါရစေတော့

DaddyWhere stories live. Discover now