part 25

175 32 5
                                    

(Zawgyi)

ကျွန်တော်နိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့
ဟင် ဒါကျွန်တော့်ရဲ့အခန်းမလား ကျွန်တော်ကကျွန်တော့်
ရဲ့အခန်းထဲကိုဘယ်လိုလုပ်ပြန်ရောက်
နောက်တော့ memory တွေ recall ပြန်လုပ်လိုက်
တော့ ကျွန်တော်ဧည့်ခန်းထဲမှာမေ့လဲသွားတာဘဲ
ကျွန်တော်မေ့မလဲခင်ဦးကိုတွေ့တယ် ဒါဆိုကျွန်တော့်ကို
ဦးကအခန်းထဲထိလိုက်ပို့ပေးထားတာဖြစ်မယ် ဟီး
ပျော်လိုက်တာ

ခဏနေတော့ကျွန်တော့်အခန်းတံခါးပွင့်လာတယ်
ကျွန်တော်ထင်တဲ့အတိုင်းဦးဝင်လာတာပါ ဒါပေမဲ့
ထူးဆန်းတာတစ်ခုကဦးရဲ့လက်ထဲမှာကိုင်ထားတဲ့ဆန်
ပြုတ်ခွက်ဘဲ မဟုတ်မှ ကျွန်တော့်အတွက်လား
ကျွန်တော်နေမကောင်းဘူးဆိုလို့ ဦးကကိုယ်တိုင်လုပ်လာ
ပေးတာလား ထိုအတွေးလေးနဲ့တင်ပျော်နေပြီ

နမ်ဂျွန်း - ဪ မင်းတောင်နိုးနေပြီလား ဘယ်လိုလဲ
             ကိုယ်ပူကျသွားပြီလား

ဆိုပြီးကျွန်တော့်ရဲ့နှာဖူးလေးကိုဦးကသူ့ရဲ့လက်နဲ့လာစမ်း
တယ် ကျွန်တော့်ရဲ့တစ်ကိုယ်လုံးလျှပ်စစ်နဲ့တို့လိုက်သလို
ကျင်တက်သွားတယ်

နမ်ဂျွန်း - ကိုယ်ပူတော့ကျသွားပြီ ဒါပေမဲ့ ကိုယ်လေးနည်း
             နည်းတော့နွေးနေသေးတယ် မင်းဗိုက်ဆာနေပြီ
             မလား ဒီမှာမင်းအတွက်ငါဆန်ပြုတ်ပြုတ်လာ
             တယ် အင်း အရသာကောင်းလားမကောင်း
             လားတော့မသိဘူး ဘာလို့လဲဆိုတော့ငါကတစ်
             ခါမှမီးဖိုချောင်ထဲမဝင်ဘူးဘူး ဒါကပထမဆုံးအ
             ကြိမ်ဘဲ အရသာအရမ်းကြီးတော့မကောင်းပေမဲ့
             စားလို့တော့ရမှာပါ

ဂျောင်ဂု - ဟုတ် ဟိုလေ ဦး

နမ်ဂျွန်း - ဟင် ဘာပြောမလို့လဲ

ဂျောင်ဂု - ကျွန်တော့်ကိုခွံ့ကျွေးလို့ရမလား

နမ်ဂျွန်း - အင်း ရပါတယ် မင်းကနေမှမကောင်းတာ

ဆိုပြီးဦးကဆန်ပြုတ်ပူပူကိုအေးသွားအောင်မှုတ်ပြီးတစ်
စွန်းချင်းဂရုတစိုက်နဲ့တိုက်တယ် ကြည့်ရတာဒီတစ်ခေါက်
ဖျားရတာအပျော်ဆုံးထင်တယ် ဘာဘဲဖြစ်ဖြစ်ဦးကကျွန်
တော့်ကိုအခုဂရုစိုက်တယ်လေ ဦးရဲ့မျက်နှာကိုဘဲတစ်စိမ့်
စိမ့်ကြည့်ရင်းစားလိုက်တာဆန်ပြုတ်တစ်ခွက်လုံးကုန်သွား
ရော

Love and hate ( Z + U)Where stories live. Discover now