Part 28

248 16 6
                                    

(Zawgyi)

ကျွန်တော်ရေချိုးခန်းထဲမှာအကြာကြီးထိုင်ငိုင်နေမိတယ်
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲနဲ့ အချိန်အတော်ကြာမှ
အသိပြန်ကပ်ပြီးရေချိုးခန်းထဲကနေထွက်လာခဲ့တယ်
မှန်ရှေ့မှာရပ်ပြီးကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့မျက်လုံး
တွေရဲနေပြီးနှုတ်ခမ်းတွေလည်းဖြူချင်ချင်ဖြစ်နေပြီ
လက်တွေကလည်းပဲကြီးရည်တွန့်နေပြီ ဒါကြောင့်ခပ်မြန်
မြန်အဝတ်အစားလဲပြီးအလုပ်ကိစ္စတွေထိုင်လုပ်နေလိုက်
တယ် ခဏကြာတော့တံခါးခေါက်သံကြားလိုက်ရတယ်

ဂျောင်ဂု - ဦး ဝင်လာလို့ရတယ် ကျွန်တော်lockမချထား
ဘူး

ဦးကတံခါးဖွင့်ပြီးအခန်းထဲကိုဝင်လာတယ်
ဒါပေမဲ့ကျွန်တော်ကနေစပြီးတော့

ဂျောင်ဂု - ဦးဘာပြောစရာရှိလို့လဲ

နမ်ဂျွန်း - ဪ ကလေးကအလုပ်လုပ်နေတာလား
ဦးလာလိုက်တာအနှောင့်အယှက်ဖြစ်သွားပြီနဲ့
တူတယ်

ဂျောင်ဂု - ရပါတယ်ဦးရဲ့ ဒါနဲ့ဦးဘာပြောမလို့လဲဟင်

နမ်ဂျွန်း - ဟုတ်သားဘဲ ဦးမနက်ဖြန်ဆိုင်ဖွင့်တော့မှာလေ
အဲ့တာလာပြောတာ

ဂျောင်ဂု - ဟုတ်

နမ်ဂျွန်း - အဲ့ဒါဆိုဦးသွားတော့မယ်နော်

ဂျောင်ဂု - ဟုတ်

လို့ပြောလိုက်တော့ဦးကအပြင်ပြန်ထွက်သွားတယ်
မနက်ဖြန်ဆိုင်ဖွင့်ပြီတဲ့ ဆိုင်ဖွင့်ဖို့နေရာစုံစမ်းတာလည်း
ကျွန်တော်နဲ့မဟုတ်သလို ဆိုင်ဖွင့်တော့လည်းကျွန်တော့်
ကိုမခေါ်ပြန်ဘူး ကျွန်တော်လေဦးကိုတစ်ကယ်နားမလည်
နိုင်ဘူး ဦးကကျွန်တော့်အချစ်ကိုပေါ့ပျက်ပျက်၊အပေါစားအချစ်တစ်ခုလို့ထင်နေတာလား ဒါမှမဟုတ် ကျွန်တော်က
လွယ်လို့ဦးကကျွန်တော့်ရဲ့အချစ်ကိုကစားနေတာလား
ဦးရယ် ဦးတော့မသိပေမယ့် ကျွန်တော့်ရဲ့နှလုံးသားလေးကတော့တဖြည်းဖြည်းနဲ့ပင်ပန်းလာပြီ
မချစ်ရင်လည်းနေပါ ဒါပေမဲ့ မညှင်းဆဲပါနဲ့

တစ်ဖက်မှာတော့

အခန်းထဲကထွက်လာပေမဲ့ဘယ်မှမသွားဘဲအခန်းရှေ့မှာ
ရပ်ပြီးနေနေတယ်

Love and hate ( Z + U)Where stories live. Discover now