(Zawgyi)
ကျွန်တော်လည်းအိမ်သို့အရောက်
ရင်ပူနေတာကြောင့်ရေခဲသေတ္တာထဲကရေခဲရေဘူးကိုယူ
ကာတစ်ဘူးလုံးကုန်သည်အထိသောက်ချလိုက်တယ်နမ်ဂျွန်း - ဟူး
ကျွန်တော့်ကိုယ်ကျွန်တော်လည်းဘာတွေဖြစ်နေမှန်းမသိ
အမှန်ဆိုဘာမှဒေါသထွက်စရာမရှိတဲ့ဟာကို
ကောင်လေးပြုံးတာကြောင့်ဒေါသထွက်နေတာလား
မဟုတ်ဘူး သူပြုံးရတဲ့အကြောင်းအရင်းကကျွန်တော့်
ကြောင့်မဟုတ်လို့ ဟုတ်တယ် ကျွန်တော်မဟုတ်လို့
ဒါဆိုကျွန်တော်ကောင်လေးကို မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး
မဟုတ်လား ဒါပေမဲ့
နောက်ဆုံးတော့ကျွန်တော်သိသွားပြီ ဒါပေမဲ့ကျွန်တော်
ဝန်မခံချင်သေးဘူး ကျွန်တော်ကောင်လေးကိုတစ်ကယ်
ချစ်လားမချစ်လားဆိုတာကျွန်တော့်ကိုကျွန်တော်စမ်းသပ်
ချင်သေးတယ် စမ်းသပ်ပြီးသွားရင်တော့အဖြေတစ်ခုကို
တိတိကျကျသိရမှာပါ ဒါကြောင့်ကျွန်တော်planကိုစတင်
လိုက်တယ်အရင်ဆုံးကောင်လေးပြန်လာရင်ဗိုက်ဆာမှာစိုးလို့
စားစရာတစ်ခုခုကိုအမြန်ပြင်ဆင်လိုက်တယ်
ထမင်းစားပြီးရင်အချိုတည်းဖို့cakeလေးရယ်
juiceလေးရယ် ပြင်ဆင်ထားလိုက်တယ်
ဘာလို့လည်းဆိုတော့ကျွန်တော့်ကလေးလေးကဒီနေ့
ကျွန်တော်နဲ့အဆင်မပြေလို့ဝမ်းနည်းနေမှာလေ
အဲ့ဒါကြောင့်ကလေးပြန်လာရင်ကျွန်တော့်ကသူ့အတွက်
ပြင်ဆင်ပေးတယ်ဆိုတာသိရင်အရမ်းဝမ်းသာမှာ
ကလေးပြန်အလာကိုစောင့်ရင်းထိုင်ခုံလေးပေါ်ကနေ
နာရီကိုတကြည့်ကြည့်လုပ်နေမိတယ် ဒီနေ့ကြမှအချိန်
တွေကထူးထူးခြားခြားကြာနေတယ်
ကလေးကိုစောင့်နေရင်းမှေးကနဲအိပ်ပျော်သွားတယ်
အိပ်ရာကနိုးလာတော့ကလေးပြန်လာဖို့10 minute
ဘဲလိုတော့တယ်ခဏနေတော့ခြံထဲကိုကားလေးတစ်စီးဝင်လာတယ်
ကျွန်တော်အပြင်ကိုကြည့်လိုက်တော့ကားပေါ်ကနေ
ကျွန်တော့်ကလေးလေးဆင်းလာတယ် အဲ့ဒါနဲ့ကျွန်တော်
လည်းအိမ်ပေါက်ဝမှာစောင့်နေမိတယ် တဖြည်းဖြည်းနီး
ကပ်လာတော့မှကလေးရဲ့မျက်နှာကိုသေချာကြည့်မိတယ်
မျက်လုံးလေးတွေကမို့အစ်နေတာဘဲ ကြည့်ရတာငိုထား
တာနဲ့တူတယ် အဲ့ဒါနဲ့ကျွန်တော့်ဘက်ကနေစပြီး
ESTÁS LEYENDO
Love and hate ( Z + U)
Romance(Zawgyi) namjoon ~~ ငါကယောင်္ကျားတွေကိုစိတ်မဝင်စားဘူး ဒါပေမဲ့မင်းတစ်ယောက်ကလွဲလို့ jungkook ~~ ကျွန်တော်နဲ့ဦးနဲ့ကအရမ်းကွာခြားလွန်းပါတယ် ဒါကြောင့်ကျွန်တော့်ရင်ထဲကဦးကိုချစ်တဲ့အချစ်...