04

161 34 5
                                    

-U-

တုန်လှုပ်ခြောက်ခြားနေသည့် စိတ်ခံစားမှုများက ဆော့ဂျင် ကိုယ်ထဲသို့ နေရာအနှံ့အပြားမှ
တိုးဝင်လာနေကြသည်။ ပျက်ယွင်းနေသည့်
စိတ်ကိုဝိညာဉ်ကို တည်ငြိမ်သွားရန် မည်သို့ဖမ်းဆုပ်ရမည် သူမသိ။ တခြားဆိုင်များသို့သွားမည့်အစီအစဉ်ကို ဖျက်ကာ အိမ်သို့သာပြန်လာခဲ့သည်။ သက်သာရာရလိုရငြား စားပွဲထက်တွင်တင်ထားသည့် ဆေးဘူးထဲမှ ဆေးလုံးအချို့ကိုထုတ်ကာ ရေနှင့်မျောချလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို ကုတင်ထက်သို့ လဲချလိုက်ကာ မျက်နှာကျက်ကိုသာ မမှိတ်မသုန်စိုက်‌ကြည့်နေမိတော့၏။

သူ့ဦးနှောက်ထဲတွင်တော့ အဖြေမသိချင်သည့် 'ဘာကြောင့်လာရှာသလဲ'ဟူသည့်မေးခွန်းအပြည့်နှင့်။ သူထိုသို့ နေမိနေသည်မှာ အချိန်မည်မျှကြာသွားသည်မသိ။ အခန်းတံခါးဖွင့်သံနှင့်အတူ သူ့ကိုဆွဲထူလိုက်သည့် ခံစားမှုကြောင့်သာ အသိစိတ်က ခန္ဓာကိုယ်သို့ ရောက်လာခဲ့သည်။

"ဆော့ဂျင် ဘာဖြစ်တာလဲ"

အကိုရဲ့အသံပဲ။ အကို့အမေးကို ပြန်ဖြေရန်
သူ့တွင်စကားပြောဖို့ပင် အားမရှိ။
သူ့ကိုဆွဲထူကာ ကုတင်ထက်တွင်မှီခိုင်းလိုက်ရင်း ရှေ့တွင်ထိုင်ချလိုက်ကာ သူ့ကိုစိုးရိမ်တကြီးကြည့်နေသည့် အကို့ကို သူအပြုံးနှင့်သာနှုတ်ဆက်လိုက်သည်။

"အကို.... ဘယ်လိုဖြစ်လို့ရောက်လာတာလဲ"

"ဘယ်လိုဖြစ်ရမလဲ။ ဆိုင်မန်နေဂျာက ဆော့ဂျင်လာမယ်ပြောထားပြီး မလာတဲ့အပြင် ဖုန်းတောကိလျောက်ဆက်နေတာလဲမကိုင်ဘူးလို့
အကို့ကိုဖုန်းဆက်ခဲ့လို့လေ။ အကိုဖုန်းခေါ်တာလဲ
မကိုင်လို့ စိတ်ပူလို့ရောက်လာတာပေါ့။"

"ဆောရီး။ ကျွန်တော် နည်းနည်းပင်ပန်းနေလို့"

ထိုစကားပြောပြီးသည်နှင့် ဆော့ဂျင် မျက်လုံးများကိုမှိတ်လိုက်ကာ ကုတင်ထက်ပြန်လဲချလိုက်သည်။
သူအိပ်ချင်သည်။ သူတကယ်ကိုပင်ပန်းနေသည်။
မျက်လုံးမှိတ်ကာ ခန္ဓာကိုယ်ကို ကွေးလိုက်ရင်း အိပ်ပျော်ရန်ကြိုးစားနေသော်လည်း စိတ်ချလက်ချမဖြစ်သည့်စိတ်ကသာ စိုးမိုးနေသည်။
မည်မျှပင်ကြိုးစားပါစေ အိပ်ပျော်ဖို့ရန်ခက်ခဲလှသည်။
အကိုသူ့အခန်းထဲမှ ထွက်မသွားသေးပဲ သု့ကို ထိုင်ကြည့်နေသည်ကိုလည်း ခံစားမိသည်။
ခဏအကြာတွင် ထိုင်နေရာမှထသွားကာ
သူသိမ်းဖို့မေ့သွားသည့် ဆေးဘူးကို ကိုင်ကြည့်နေသည့်အသံအားကြားရပြန်သည်။


Solitude [ Ongoing ]Where stories live. Discover now