05

143 30 0
                                    

-U-



တိတ်ဆိတ်နေသည့်အခန်းငယ်လေး၏လေထုက အနေရခက်မှုများအပြည့်နှင့်။ စိတ်၏စေရာကို
မထိန်းချုပ်လိုက်နိုင်သည့် ဆော့ဂျင်၏ ရုတ်တရက်အပြုအမူက ထိုကောင်ငယ်လေးကို ထိန့်လန့်သွားစေမိသည်မှာ ပြောဖွယ်ရာမရှိ။
ဆော့ဂျင် ဘယ်ကနေစ၍ရှင်းရမည်မှန်းမသိပင်ဖြစ်နေမိသည်။ ထိုကောင်လေးဘက်က အခြေအနေကို မကြည့်မိပဲ သူအလျင်လို
မိသွားသည်။

ယခုကဲ့သို့ အနေခက်နေသည့်အ‌ခြေအနေကို အလိုမကျစွာဖြင့် ဆော့ဂျင်၏ မျက်ခုံးများက
အလိုမကျဟန် တွန့်နေပြီဖြစ်သည်။ ယွန်းဂီ
ကိုတွေ့ရန်လာသည့်အချိန်က တက်ကြွနေသည့်သူ၏စိတ်များက ဘယ်ဆီ ဘယ်ဝယ်သို့လွင့်ပါးသွားခဲ့လေသည်မသိ။ နောက်ဆုံးတွင်
ထိုအခြေအနေကို ဖြိုဖျက်ရန် သူ့ဦးနှောက်ကို ပြင်းပြင်းထန်ထန်အလုပ်ပေးနေရတော့သည်။

" အကို..."

"ယွန်းဂီ အကို..."

တပြိုင်နက်တည်းထွက်လာသည့် ခေါ်‌သံကြောင့် နှစ်ယောက်သား အလန့်တကြားပင် မျက်လုံးချင်းဆုံကာ ကြည့်မိကြသည်။

"ယွန်းဂီ အရင်ပြောပါ"

ဆော့ဂျင် ရပ်နေရာမှ စာပွဲဘေးရှိ ခုံကို ဆွဲယူကာယွန်းဂီ နှင့် မျက်နှာချင်းဆိုင်ပင် ဝင်ထိုင်လိုက်ရင်း ယွန်းဂီ ကိုပြောလိုက်သည်။ သူရသည့်အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ရမည်ဟုသူကိုယ်သူလည်း အားပေးလိုက်ရသေးသည်။
သူနှင့်မျက်လုံးချင်းဆုံနေရာမှ ကြမ်းပြင်သို့ပြောင်းကာ မျက်နှာလွဲလိုက်ရင် ယွန်းဂီက
စကားစလာသည်။

"ကျွန်တော် တောင်းပန်ပါတယ်။
ကျွန်တော်ဒီမှာတညတည်းနေမှာပါ"

ယွန်းဂီ၏တောင်းပန်စကားကြောင့် ဆော့ဂျင် ကြောင်တောင်တောင်ဖြစ်သွားရသည်။ တောင်းပန်ရမှာ သူမဟုတ်ဘူးလား။
ယွန်းဂီ စကားကို ပြန်တွေးကြည့်ရင်း ဘာအတွက်တောင်းပန်သည်ကို ဆော့ဂျင် အသဲအသန်စဉ်းစားရတော့သည်။

"ယွန်းဂီ က ဒီမှာညအိပ်မယ်လို့ပြောနေတာလား"

တိုးတိုးရေရွက်ရင်း ဆော့ဂျင် ယွန်းဂီ ကိုကြည့်မိတော့ ခေါင်းငုံ့နေသည်မှာ ကြမ်းပြင်ထဲပင်ဝင်တော့မတတ်ပင်ဖြစ်နေပေပြီ။
ယွန်းဂီ ဖြစ်နေသည့်ပုံစံကိုမြင်ကာ ဆော့ဂျင်၏
စိတ်တို့က ရွှင်မြူးလာ‌ သောကြောင့် ယွန်းဂီ
ကိုကြည့်ရင်း တဟားဟားပင်ရယ်မိတော့သည်။
သူ့ရယ်သံကြောင့်  နားမလည်နိုင်ဖြစ်နေသည့်
ယွန်ဂီ၏မျက်လုံးများက ဆော့ဂျင်ဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။


Solitude [ Ongoing ]Tempat cerita menjadi hidup. Temukan sekarang