08

145 23 3
                                    

-UNICODE-




PART - 08

      ယွန်းဂီ အိမ်ပြန်ရန် ကားရပ်စောင့်နေစဉ် အိတ်ထဲမှ တဒီဒီ တုန်ခါလာသည့် ဖုန်းကြောင့် ဖုန်းကိုထုတ်ကာကြည့်မိသည်။ ဖုန်းနံပါတ်အစိမ်းဖြစ်နေသောကြောင့် ကိုင်သင့်မကိုင်သင့် တွေဝေနေမိစဉ် ဖုန်းကကျသွားခဲ့သည်။ ဖုန်းကို အိတ်ထဲထည့်ရန်ပြင်လိုက်စဉ် ပြန်မြည်လာသည့် ဖုန်းကြောင့် ယွန်းဂီ မျက်ခုံးကျံ့မိသွားရသည်။ သူမကိုင်ဖြစ်လိုက်သည့် ဖုန်းနံပါတ်အစိမ်းက ထပ်ဝင်လာခြင်းပင်။ ဒီတခေါက်တော့ ယွန်းဂီ ထိုဖုန်းကို ပြန်ဖြေလိုက်သည်။

" မင်ယွန်းဂီပါ"

" ဟုတ်ကဲ့ ကိုယ်က ဆော့ဂျင် အကိုပါ။ ကိုယ်တို့ခဏလောက်တွေ့လို့ရနိုင်မလား"

" အကိုဂျင်နဲ့အတူလား"

" မဟုတ်ပါဘူး။ ကိုယ်တို့နှစ်ယောက်ပဲ"

" ကျွန်တော်တို့ တွေ့ပြီးပြောစရာအကြောင်းအရာမရှိဘူးလို့ ကျွန်တော်ထင်တယ်။ အကိုက ကျွန်တော်နဲ့တွေ့ပြီး ဘာအကြောင်းများပြောချင်လို့ပါလဲ"

" ဆော့ဂျင်အကြောင်းပဲပေါ့"

" အဲ့တာဆိုရင်တော့ ဆောရီးလို့ပြောပါရစေ။ အကိုဂျင်အကြောင်းကို အကို့ဆီကလွဲရင် ဘယ်သူ့ဆီကမှ ကျွန်တော်မသိချင်ပါဘူး။ ကျွန်တော်အိမ်ပြန်ဖို့ ကားလာနေပြီမို့ နှုတ်ဆက်ပါတယ်အကို"

     ဖုန်းချပြီးနောက် ယွန်းဂီ ကားပေါ်သို့ပြေးတက်လိုက်သည်။ သူကားပေါ်ရောက်သွားသည်နှင့် မိုးရွာချလာသောကြောင့် ဖုန်းမြန်မြန်ချမိတာမှန်သွားသည်။ မဟုတ်ပါက လကားနေအလကား မိုးစိုခံလိုက်ရအုံးမည်ပင်။

      ခုံတွင်ထိုင်ပြီးနောက်တလမ်းလုံး အပြင်သို့ငေးကာလိုက်ပါလာခဲ့သည်။ မိုးက ရပ်မည့်ပုံမရဘဲ အင်တိုက်အားတိုက်ပင် ဆက်လက်ရွာနေဆဲပင်။ ကားမှန်ကို လာရောက်ထိမှန်နေသည့် မိုးစက်မိုးပေါက်များကို ကြည့်ရင်း ယွန်းဂီ၏အတွေးများက ဟိုတစ သည်တစ ပျံ့ကျဲလျက်။ ဘာလိုလိုနှင့် သူသည်နေရာကို ရောက်နေသည်မှာ တနှစ်ပင်ပြည့်တော့မည်။ ကော်ဖီဆိုင်ရှိသည့် လမ်းကစိန်ပန်းများကတော့ သူပထမဦးဆုံးတွေ့ခဲ့ရသည့်အတိုင်းပင် မပြောင်းမလဲတည်ရှိနေဆဲ။ မပြောင်းလဲသည့် ထိုပန်းများကဲ့သို့ ထိုနေရာတွင် မပြောင်းမလဲ ရပ်စောင့်နေခဲ့သည့် သူ့၏အချစ်ကိုတွေ့ရှိခဲ့ခြင်းလော။ သို့မဟုတ် သူကပြောင်းလဲရောက်ရှိလာခဲ့ခြင်းကြောင့် တွေ့နိုင်ခဲ့ခြင်းပေလားမပြောတတ်။

Solitude [ Ongoing ]Hikayelerin yaşadığı yer. Şimdi keşfedin