❤ 7 ❤

1.6K 237 0
                                    

Unicode

လင်းရှီ၏ စိတ်ထဲ အတွေးပေါင်း သောင်းခြောက်ထောင်ကို စဥ်းစားပြီးနောက် သေချာ ပြန်ကြည့်လိုက်မှ စိတ်အေးသွားရသည်။ လင်းရှီစိတ်ထဲ သွမ့်ရှန်းက တစ်စုံတစ်ယောက်နှင့် သူ့အား ပြန်ခေါ်ခြင်းဟု ထင်လိုက်သော်လည်း မဟုတ်ခဲ့ပေ။ ရုတ်တရက်  မထင်မှတ်ပဲ သူဖုန်းခေါ်ထားသည့် ခွေးကောင် လုလင်းရှင်းက နောက်တစ်ကြိမ် သူ့ထံသို့ ပြန်ခေါ်လာခဲ့သည်။

"ငါအခု ဆင်ခြေဖုံးက အသစ်ဝယ်ထားတဲ့ အိမ်မှာ! အဲ့ကိုလာခဲ့"

လုလင်းရှင်းမှာ ပျင်းတိရင်းရိစွာဖြင့်ပင် ဖြေလာပေသည်။

လင်းရှီ ခေါင်းသာ ညိမ့်ကာ လွန်ခဲ့သည့် မိနစ်ပိုင်းက စဥ်းစားထည့် အစီအစဥ်အတိုင်း ပြောပြလိုက်သည်။

"ငါ့ကို မင်းကားနဲ့ လာကြိုပါလား? မြို့ဆင်ခြေဖုံးက ဝေးလွန်းတယ်!"

တစ်ဖက်က အကောင်စုတ်ကလည်း သူနှင့် ထူးမခြားနားပင်။

"ကား မပါဘူးလား! ကြီးမြတ်လှသော မစ္စတာလင်း! ဘာလို့ တက္ကစီ မခေါ်တာလဲ?"

"ခေါ်လို့တော့ ရတယ်!"

ထို့နောက် လင်းရှီ တစ်ဖက်လူကို ပြုံးပြုံးကြီး ကြည့်ပေးလိုက်သည်။

"ဒါပေမဲ့ ပိုက်ဆံတော့ မင်းပေးရမယ်! ငါ ပိုက်ဆံယူဖို့ မေ့လာခဲ့လို့!"

တစ်ဖက်ကလူမှာလည်း ခပ်ပြုံးပြုံးပင် ပြန်နှိပ်ကွပ်လာသည်။

"အိုးအိုး! ဘာလဲ? မင်းအစ်ကို ကန့်သတ်ပေးထားတဲ့ တစ်လစာ ဝင်ငွေက ကုန်သွားပြီလား!"

"လုလင်းရှင်း ! မင်းစောက်ပေါက်ပိတ်ပြီး မင်းအိမ် ဆင်ဝင်ဝမှာ ငြိမ်ငြိမ်စောင့်နေ! ငါကားငှါးခဲ့မယ်!"

လင်းရှီ စိတ်ပေါက်ပေါက်ဖြင့် အော်ထားခဲ့ပြီး ကုမ္ပဏီ၏ ပင်မအပေါက်မှ ထွက်ကာ လမ်းမဘေးရပ်၍ တက္ကစီ တားလိုက်သည်။

သွမ့်ရှန်း တစ်ယောက် ခုနှစ်ထပ်မြောက်အလွှာရှိ ရုံးခန်းထဲတွင် ကြမ်းပြင်မှ မျက်နှာကျက်ထိ မြင့်သည့် မှန်ပြတင်းရှေ့တွင် ရပ်ကာ လက်ထောက်ဖြစ်သူထံမှ အစီရင်ခံ စကားများကို နားဆထာင်နေလေသည်။ စုဟန် ဌာနခွဲများ၏ အစီရင်ခံ တင်စာများကို ကိုင်ထားခဲ့ပြီး ရှင်းပြနေခဲ့သည်။

Spice of Love (MM Translation)Место, где живут истории. Откройте их для себя