❤ final ❤

2.6K 325 11
                                    

Unicode

ချန်စွေ့ရဲ့ အစ်မ ချန်ချန်အန်း မွေးနေ့ ပါတီပွဲတွင် ချန် မိသားစုထံမှ သွမ့်ရှန်းရော လင်းရှီပါ ဖိတ်ကြားလွှာ အသီးသီး ရလေသည်။ ချန်မိသားစုက သွမ့်ရှန်းထံသို့ ဖိတ်ကြားလွှာ ပို့စဥ်က သွမ့်ရှန်း၏ ဇနီးအတွက်ပါ ရည်ရွယ်၍ ဖိတ်ကြားစတစ်စောင် အပိုထည့်ပေးလိုက်သည်။ ထို့ကြောင့် လင်းရှီမှာ ဖိတ်စာနှစ်စောင် ရှိနေတော့လေသည်။

စုဟန်တစ်ယောက် သူတို့နှစ်ယောက်အတွက် အထူးသီးသန့် မှာထားသည့် suitများ လာပို့စဥ်တွင် လင်းရှီက တစ်ရေးတစ်မော အိပ်မောကျနေခဲ့ပေသည်။

အနက်ရောင် တစ်စုံက သွမ့်ရှန်း အတွက် ဖြစ်ပြီး ပိုသေးငယ်သည့် နို့နှစ်ရောင် suitက လင်းရှီ အတွက် ဖြစ်ပေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် မည်သည့် ဝတ်စုံက မည်သူ့အတွက် ဖြစ်ကြောင်း ပြောနိုင်ပေသည်။

သို့သော် သွမ့်ရှန်းနှင့် သခင်လေးလင်းက လက်ထပ်ထားကြောင်း မသိရှာသည့် စုဟန် တစ်ယောက် နို့နှစ်ရောင် ဝတ်စုံကို ကြည့်၍ movie star ဖန်းရို့လျန်အတွက်ဟု ထင်ပေသည်။ သူတို့ ဘောစ့်က အမှန်ကြီး ဖန်းရို့လျန်နှင့် လက်ထပ်ထားသည်လား?

လင်းရှီ တစ်ယောက်မှာတော့ အပူအပင် ကင်းစွာဖြင့်ပင် ပါတီပွဲသို့ မည်သို့ သွားရန် စဥ်းစားနေခဲ့ပေသည်။ မနက် အိပ်ရာထသည်နှင့် ရေပြေးချိုးကာ မနက်စာစားပြီး ဗီရိုထဲမှ နို့နှစ်ရောင် suitကို ဝတ်၍ သွမ့်ရှန်းထက်အရင် ပါတီသို့ ပြေးလေတော့သည်။

မွေးနေ့ပါတီက ချန်မိသားစု၏ အဓိက အိမ်တော်တွင် ကျင်းပခြင်း ဖြစ်လေသည်။ လင်းရှီ တက္ကစီဖြင့် လုအိမ်သို့ ပြေးလိုက်လေသည်။ သူက ကောလဟောလများအတွက် လုလင်းရှင်းနှင့်အတူ ပွဲတက်မည် ဖြစ်သည်။ လုအိမ်သည် သူငယ်ငယ်ထဲက ဝင်ထွက်နေကြ အိမ်မို့  အေးဆေး ကျော့မော့စွာပင် ခြံဝင်းထဲသို့ တက္ကစီကားဖြင့် ဝင်သွားကာ လုလင်းရှင်းကို စောင့်ရန် ပြင်လိုက်သည်။

သို့သော် သူမထင်ထားစွာပင် လုလင်းရှင်း သောက်ပျင်းကောင်က သွားရန် အဆင်သင့်ဖြစ်နေ ခဲ့ပြီးပြီပေ။ ထို့ပြင် ဆင်ဝင်ဝတွင် ပြုံးကာ ရည်မွန်စွာ ရပ်နေခဲ့ပေသည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Aug 31, 2021 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Spice of Love (MM Translation)Hikayelerin yaşadığı yer. Şimdi keşfedin