❤ 2 ❤

2.4K 275 0
                                    

Unicode

ညစာ စားပွဲပေါ်က ဟင်းပန်းကန်များမှာ ပူနွေးနေဆဲပင် ဖြစ်သည်။ လင်းရှီ ဟင်းပွဲများကို စုန်ဆန်ကြည့်ပြီးနောက် မျက်လုံးများက ကြက်တောင်ပံများဆီသို့ အကြည့်ရောက်သွားကာ လက်လှမ်းလိုက်သည်။ သို့သော် သူ မယူနိုင်သေးခင်မှာပင် ဟင်းပွဲလေးမှာ နေရာရွေ့သွားတော့သည်။

လင်းရှီ မျက်မှောင်ကြုံ့၍ တရားခံကို ကြည့်လိုက်သည်။

"လက်အရင်သွားဆေး!"

"အို့~"

လင်းရှီ စူပုတ်လျက် ဖိနပ်ပါးဖြင့် ကြမ်းပြင်တွင် တရွတ်တိုက် အီလေးဆွဲကာ kitchenဆီသို့ ရွေ့သွားသည်။  ဘေစင်ဆီသို့ တိုက်ရိုက်သွားကာ ရေပန်းဖွင့်၍ လက်များကို သေချာဆေးကြော လိုက်ပေသည်။

ရေများကို ခါလျက် နောက်ဆုတ်ရန် ပြင်လိုက်စဥ်တွင်ပင် အနောက်မှ တစ်စုံတစ်ယောက်က သူ့ကို အုပ်မိုးလိုက်သည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာဘေးတွင် နွေးထွေးသည့် အသက်ရှုနှုန်းလေးကိုပါ ခံစားလိုက်ရသည်။

သွမ့်ရှန်း၏ အကြောစိမ်းများ စိမ်းမြနေသည့် လက်များက သူ့ခါးဘေး တဖက်တစ်ချက်မှ နေရာယူလာပြီး လက်များကို သက်တောင့်သက်သာပင် ဆေးကြောလေသည်။

ထို့နောက် ဆေးကြောပြီး ဖြစ်သည့် လင်းရှီ၏ လက်ကလေးများကိုပါ ရေအောက်သို့ အသာဆွဲယူ၍ ညင်သာစွာ ဆေးကြောပေးလိုက်သည်။

သူ့မျက်နှာဘေးတွင် ညင်သာသည့် အသက်ရှုနှုန်းလေးကို စတင် ခံစားမိထဲက လင်းရှီ၏ မျက်နှာ တစ်ဝက်မှာ ပန်းရောင်သို့ ပြောင်းနေခဲ့သည်ကို ယခုလို လက်ဆေးပေး ခံလိုက်ရသည်နှင့် ကြုံစဥ် မျက်နှာတစ်ခုလုံး ပူလောင် နီရဲလာရသည်။

"လက်...လက်တွေက ဆေးပြီးသား...."

သို့သော် တစ်ဖက် အမျိုးသားက သူ့စကားများကို လုံးလုံး မကြားသကဲ့သို့ လျစ်လျူရှုလိုက်လေသည်။ ရေနှင့်ဆေးပြီးနောက် လက်များကို ဆပ်ပြာထုတ်စက်အောက်သို့ အသာထားကာ ခံလိုက်သည်။

"လာ~ ဒီမှါ လာခံ~"

လင်းရှီ : "......"

သို့သော် သူ့လက်များကို သေချာဖြန့်ကာ နာခံစွာပင် ဆပ်ပြာ သွားခံလိုက်သည်။ ထို့နောက် သူ့မျက်နှာဘေးက လူကို မျက်လုံးလေး လှည့်ကာ အသာကျီစယ်လိုက်သည်။

Spice of Love (MM Translation)Donde viven las historias. Descúbrelo ahora