Chapter 9 Zawgyi

219 27 1
                                    

မင်ရှုကတစ်​မနက်လုံး သူ့ရဲ့စားပွဲမှာ​ ​ခြေပစ်လက်ပစ်ထိုင်​နေပြီး ​သေနတ်ရဲ့ပုံကိုချဆွဲ​​နေသည်။ ​နောက်ဆုံး​တော့ အနည်းနဲ့အများသူ​ကျေနပ်တဲ့ ရလဒ်တစ်ခု​ပေါ်ထွက်လာသည်။

သူ့ရဲ့အဖိုးက ​နေ့လည်စာစားဖို့​ခေါ်​တိုင်း မင်ရှုက ​အောက်ထပ်ကို ချက်ချင်း​ပြေးဆင်းလာတတ်တာဖြစ်သည်။ ဒါ​ပေမယ့် ဒီတစ်​ခေါက်​တော့သူ့အခန်းထဲမှာပဲ အချိန်​တော်​တော်ကြာ အလုပ်လုပ်​နေကာ သူမျက်ရည်ကျ​လောက်တဲ့အထိဗိုက်ဆာလာ​တော့မှပဲ စားဖို့ဆင်းလာခဲ့​တော့သည်။ သူ့အခန်းထဲက​နေ ​နေ့လည်စာစားဖို့ထွက်လာခဲ့​​ပေမယ့်လည်း တစ်လုပ်နှစ်လုပ်​လောက်သာစားပြီး အ​ပေါ်ထက်ကို ပြန်တက်သွား​​တော့သည်။

သူက ပုံကြမ်း​တော့ပြီးသွားပြီဖြစ်သည်။ အဲ့ဒီ​နေ့လည်ခင်းက သူသေနတ်ပုံစံလုပ်ဖို့ပဲ ကျန်​တော့တာဖြစ်သည်။ ဒါ​ပေမယ့် အရမ်းပူတာ​ကြောင့် ပန်ကာ​ကို အမြင့်ဆုံးထိတင်ကာ ဖွင့်ထားရသည်။ ပန်ကာရဲ့​ခေါင်းဟာ မှားယွင်းတဲ့​နေရာကို လည်လာတဲ့အခါမှာတော့ မင်ရှုလုပ်ထားတဲ့ အ​ရောင်စုံ စက္ကူအပိုင်းအစ​တွေဟာ အကုန်ပြန့်ကျဲကုန်​တော့သည်။

"အာ....."

မင်ရှုက မ​​ပျော်ရွှင်စွာဖြင့် ညည်းတွားလိုက်ပြီး ပန်ကာကိုပိတ်ဖို့ အလျင်အမြန်​ပြေးသွား​တော့သည်။ သိပ်မကြာခင်မှာပင် အခန်းဟာ မခံမရပ်နိုင်​လောက်​အောင်ကို ပူလာ​တော့သည်။ မင်ရှုက ​ချွေး​တွေနဲ့ ရွှဲနစ်​နေပြီဖြစ်သည်။ သူ့စွတ်ကျယ်နဲ့ ​ဘောင်းဘီတိုက​လည်း စိုရွှဲလာတာ တစ်​ယောက်​ယောက်က သူ့ကို​ရေကန်ထဲက​နေ အခုမှဆွဲထုတ်လာတဲ့အတိုင်းပင်။

ဒါ​ပေမယ့် မင်ရှုကဂရုမစိုက်​ပေ။ သူက သူ့ရဲ့တထစ်ချဆုံးဖြတ်မှုနဲ့အတူ ​သေနတ်ကိုသာပြီး​အောင်လုပ်ဖို့ အာရုံစိုက်​နေ​တော့သည်။ သူ့မှာ အပူကို အာရုံစိုက်ဖို့ အချိန်နည်းနည်း​လေး​တောင် မ​ပေးနိုင်​ပေ။

တစ်ဖက်မှာ​တော့ ​ရှောင်ယွီအန်းက တကယ်ကို​ရေကူးကန်ထဲက ထွက်လာသည်။

ရေကူးကန်က သူ့အိမ်နဲ့ ​တော်​တော်​လေး​ဝေးသည်။ သူနဲ့ သူ့သူငယ်ချင်းနှစ်​ယောက်က ဒီအထိ​ရောက်ဖို့ကို ဘတ်စ်ကားအဆင့်ဆင့် စီးလာခဲ့ရတာဖြစ်​သည်။ သူတို့သုံး​ယောက်လုံးရဲ့အိမ်မှာ ကား​တွေရှိ​ပြီး သူတို့ရဲ့အုပ်ထိန်းသူ​တွေက ကားနဲ့အကြိုအပို့လုပ်​ပေးလည်း ပြဿနာမရှိ​ပေမယ့် ဒီလိုလှုပ်ရှားမှုမျိုးကို​တော့ သူတို့ထဲကတစ်​ယောက်မှာ ကိုယ်ပိုင်ကားစီးပြီးမလာချင်​ပေ။ သူတို့ဘာသာသူတို့ အများပြည်သူသယ်ယူပို့​ဆောင်​ရေးယာဉ်​တွေနဲ့သာသွားရတဲ့ လွတ်လပ်မှုကိုလိုချင်သည်။

တံဆိပ်နှိပ်ထားတဲ့ ရှပ်အင်္ကျီလေး(တံဆိပ်နှိပ်ထားတဲ့ ရှပ်အင်္ကျီလေး)MM TranslationWhere stories live. Discover now