Chapter 61 Zawgyi

221 16 0
                                    

အစပိုင်းတွင် မင်ရှုသည်သူ့ကောကောက သူ၏ခံစားချက်များအား အလျင်အမြန်ရိပ်မိသွားရန် မစီစဉ်ထားခဲ့ပေ။

သူသည်သူ၏အထက်တန်းနှစ်ဝက်လောက်အထိ ထိုခံစားချက်များဖြင့်တစ်ယောက်တည်း နေထိုင်ခဲ့ရပြီး သူခံစားရသည့်အရာနှင့်ပတ်သက်၍လည်း သေချာနေပြီဖြစ်သည်။ သူရှောင်ယွီအန်းအား သဘောကျသည်။ အတည်သဘောကျသည်။ လေးလေးနက်နက်သဘောကျခြင်းဖြစ်သည်။ အရာအားလုံးအား ပိုင်ဆိုင်ချင်သည့် သဘောကျခြင်းမျိုးဖြစ်သည်။

ဤအရာသည် အချစ်ပင်။ ညီအစ်ကိုချင်းချစ်မြတ်နိုးသည့် ခံစားချက်မျိုးမဟုတ်သလို အခြားခံစားချက်များလည်း မဟုတ်ပေ။

အချစ်သက်သက်သာဖြစ်သည်။

အဆောင်မှယောက်ျားလေးများသည် တခါတရံတွင် ညဘက်၌ညစ်ညမ်းသည့်ဇာတ်လမ်းများအကြောင်း ပြောလေ့ရှိကြသည်။ တခါတရံတွင် သူတို့ထဲမှတစ်ယောက်သည် စိတ်ငြိမ်ငြိမ်ပင်မထားနိုင်ဘဲ ရေချိုးခန်းထဲသို့ ပြေးသွားရလေသည်။

မင်ရှုသည်လည်း ထိုကဲ့သို့ပြေးသွားရဖူးသည်။ သူထိုကိစ္စအားဖြေရှင်းသည့်အချိန်တိုင်း ရှောင်ယွီအန်းတစ်ယောက်တည်းကိုသာ တွေးလေ့ရှိသည်။

မင်ရှု၏စိတ်ကူးယဉ်ကမ္ဘာထဲတွင် ရှောင်ယွီအန်းသည် သူ့ကောကောမဟုတ်တော့ချေ။ သူ၏ချစ်သူဖြစ်နေပြီဖြစ်သည်။

သို့သော်မင်ရှုသည် ဖွင့်ပြောရန်အဆင်သင့် မဖြစ်သေးချေ။

သူမြို့တော်သို့လာခဲ့ရသည့်အကြောင်းသည် သူ့ကောကောအား လွမ်း၍ဖြစ်သည်။ သူအခြားအရာများမလုပ်ဘဲ သူ့ကောနှင့်သာအချိန်ဖြုန်းနိုင်မည်ဆိုလျှင် သူအပြည့်အဝပျော်ရွှင်နေပြီဖြစ်သည်။

မင်ရှုသည် သူ့ကောအားကောင်းကောင်းနားလည်သည်။ သူသည်အထက်တန်းကျောင်းနောက်ဆုံးနှစ်သို့ တက်ရောက်ရတော့မည်ဖြစ်ပြီး ယခုသူ့တွင်ဝန်ခံရန် သတ္တိရှိလျှင်တောင် သူ့ကောကောသည် သူ့အားသေချာပေါက်ငြင်းမှာပင်။

ကျောင်း၌ရည်းစားထားခြင်းမပြုရန် သူရေးထားသည့်ကတိစကားသည် သူ့ကောကော၏လက်ထဲတွင် ရှိနေသေးသည်။ ထို့အပြင် အထက်တန်းတတိယနှစ်သည် ကျောင်းသားတိုင်း၏ဘဝတစ်ဆစ်ချိုးဖြစ်သည်။ သူ့ကောသာ ယခုသူနှင့်တွဲရန်လက်ခံလိုက်ပါလျှင် ထူးခြားသည့်ဆန်းကြယ်မှုတစ်ခုဖြစ်သွားနိုင်သည်ပင်။

တံဆိပ်နှိပ်ထားတဲ့ ရှပ်အင်္ကျီလေး(တံဆိပ်နှိပ်ထားတဲ့ ရှပ်အင်္ကျီလေး)MM TranslationWhere stories live. Discover now