FLTM- 7

1.6K 153 2
                                    

Unicode

"ရိပေါ် ငါဘာလုပ်ရမလဲ"

ရုံးပိတ်ရက်မို့ နားရမလားမှတ်တယ်။ ချင်းရီရဲ့ ငိုမှုရယ်မှုတစ်သိန်းကို နားထောင်နေရသည့် ရိပေါ်ရယ်ပါ။

"ဒီတစ်ခါတော့ ဘယ်သူမှမကယ်နိုင်တော့ဘူးမလား"

"နင့်အိမ်ကလည်း ဘာလို့နင့်ကို ယောက်ျားပဲပေးစားနေတာလဲ"

"မသိဘူးဟယ် မသိဘူး၊ စိတ်ညစ်တာပဲသိတယ်"

ပြောရင်း ချင်းရီသည် လက်ထဲမှာကိုင်ထားသည့် နေကြာစေ့ဖြင့် တစ်ဖက်ကဆိုဖာမှာထိုင်ကာ တစ်တီတူးနေသည့် ဟောက်ရွှမ်းတို့အတွဲအား လှမ်းပေါက်လိုက်သည်။

"ဟောက်ရွှမ်း ငနာကောင်၊ ငါ့ကိုအဖက်မလုပ်ဘူး၊ သူ့လင်နဲ့ ကြည်နူးနေတယ်"

"ငရှုပ်မ နင့်အရှုပ်ထုပ်တွေပဲ တစ်နေ့တစ်နေ့ရှင်းနေရတယ်"

ဟောက်ရွှမ်းက စိတ်မရှည်သလိုပြောတော့ ချင်းရီက အာဗြဲကြီးနဲ့ အော်ငိုတော့သည်။

"တိတ်ပါတော့ အစ်မတော်ရယ်၊ ကျွန်တော်မျိုးတောင်းပန်ပါတယ်"

ရိပေါ်ကပါ ဝင်ပြောရတော့သည်။ ရှောင်းကျန့်က လက်ပ်တော့တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။

"အော် မေ့တော့မလို့၊ ချင်းရီ မနေ့က ကျဲကျဲဖုန်းဆက်တယ်၊ သူပြန်လာတော့မယ်တဲ့"

"ဟယ် ဟုတ်လား ဘယ်တော့လဲ၊ ဘယ်အချိန်တဲ့လဲ ငါသွားကြိုပေးမယ်လေ"

"အဲ့မှာမေးရင်းနဲ့ အသက်ထွက်"

"လဒကောင်ဟောက်ရွှမ်း နင့်ပါးစပ်ကြီးပိတ်"

"မင်းတို့နှစ်ယောက်က အားတိုင်းရန်ဖြစ်နေကြ၊ ငါပြောပါဦးမယ်ဟ၊ ကျဲက မနက်ဖြန်ပြန်လာမှာ ငါရောကျန့်ကောရောက မအားဘူးဟာ၊ အဲ့တော့ ချင်းရီမ နင်သွားကြိုပေးလို့ရမလား"

"အချင်းချင်းတွေပဲဟယ် ငါကူညီရမှာပေါ့ ဟီး..
ဘယ်အချိန်လဲ"

"မနက်၉ခွဲလောက် နင်အရောက်သွား"

"အစောကြိုစောင့်နေမှာငါက"

အစောက အိမ်ကယောက်ျားပေးစားလို့ ငိုနေတာ သူမဟုတ်တဲ့အတိုင်း။ ခုတော့ မျက်နှာကြီး ပြုံးဖြီးနေတဲ့ ချင်းရီကို ဟောက်ရွှမ်းက ခပ်နာနာလေး ဆဲပေးလိုက်သည်။

From Love To Marriage (ဘု နဲ့ ဘောက် S2) [Completed]Where stories live. Discover now