Unicode
ရုံးဆင်းရင်လာခဲ့ဆိုတဲ့ စကားကြောင့် ကျိရန်က ရုံးဆင်းတာနဲ့ ဟောက်ရွှမ်းရှိရာဆီ ဦးတည်ရသည်။ ဟောက်ရွှမ်းအလုပ်လုပ်တဲ့ ရုံးရှေ့ရောက်တော့ ဟောက်ရွှမ်းက ခုံတန်းတစ်ခုမှာ ထိုင်စောင့်နေတာကို တွေ့ရသည်။
"ရောက်ပြီလား"
သူ့ကိုမြင်တာနဲ့ ခုံပေါ်တင်ထားတဲ့ အိတ်ကိုဆွဲလို့ ကားနားရောက်လာသည်။
"စောင့်နေရတာ ကြာသွားလား"
"မကြာသေးဘူး"
"တက်ပါဗျ"
ကျိရန်က ကားတံခါးဖွင့်ပေးရင်း ဆိုတော့ ဟောက်ရွှမ်းက မျက်နှာတည်ကြီးဖြင့် ဝင်ထိုင်သည်။ သူလည်းတစ်ဖက်က ဝင်ထိုင်ရင်း ကောက်နေသူကို မေးရသည်။
"ဘယ်ကိုမောင်းပေးရမလဲ"
"ကန်ရိပ်"
"ဟုတ်ကဲ့"
အေးချမ်းမှုရှိကာ အမြဲတိတ်ဆိတ်နေတတ်သည့် ကန်ရိပ်လေးဆီရောက်တော့ နှစ်ယောက်သား ကားပေါ်ကဆင်းဖြစ်ကြသည်။
"ဟိုနားမှာ ခုံလွတ်တယ်၊ ဝင်ထိုင်ရအောင်"
"အင်း"
ကန်ထဲက ရေများက ကြည်လင်လို့နေသည်။ တစ်ချက်တစ်ချက် ဖြတ်တိုက်တတ်တဲ့ လေနုအေးကြောင့် လူက ချမ်းစိမ့်စိမ့်။
"ပြောစရာရှိတာပြောလေ"
ကျိရန်က လေပူတစ်ချက်မှုတ်ထုတ်သည်။
"ပထမဆုံး မူးနေတာကို အခွင့်ကောင်းယူပြီး မင်းကိုရယူခဲ့မိလို့ တောင်းပန်ပါရစေ၊ အဲ့နေ့က ကိုယ်တစ်ကယ် မထိန်းနိုင်ခဲ့ဘူးဖြစ်သွားတယ်၊ ကိုယ်တစ်ကယ်မရည်ရွယ်ခဲ့တာ အမှန်ပါ၊ ဒါပေမယ့်လေ ကိုယ်...စိတ်ပါသွားတာလည်း အမှန်ပဲ၊ ဟောက်ရွှမ်းဖြစ်နေလို့ပါ"
"စုန့်ကျိရန် ခင်ဗျား..!!"
"ကိုယ်တစ်ကယ် မင်းကိုချစ်တယ်၊ မလိမ်မညာပဲ အမှန်တိုင်းပြောရရင် မင်းရဲ့ကတ်ကတ်လန် ရန်တွေ့ပုံလေးကို ချစ်တာ၊ ကိုယ့်ကိုဆို အမြဲအမြင်မကြည်ချင်တဲ့ မင်းကို ချစ်မိနေတာ၊ ဘယ်လိုလုပ်ရမလဲ"
"သွားသေလိုက်"
"ကိုယ်တစ်ကယ် အတည်ပြောနေတာပါ၊ အဲ့နေ့က ကိစ္စအတွက်လည်း ကိုယ်တောင်းပန်ပါတယ်၊ နောက်တစ်ခါ မင်းဆီက ခွင့်ပြုချက်အရင်ယူပြီးမှ လုပ်ပါ့မယ်လို့ ကတိပေးတယ်"
![](https://img.wattpad.com/cover/280087195-288-k40217.jpg)
YOU ARE READING
From Love To Marriage (ဘု နဲ့ ဘောက် S2) [Completed]
Fanficဘု နဲ့ ဘောက် ကို season 2 ရေးဖြစ်ခဲ့ပါသည်။ ရန်ဖြစ်မယ်၊ ပြီးရင်တော့ ပြန်ချစ်ကြေးပေါ့။