part -2

11.2K 759 39
                                    

ညရောက်တော့ နေကြာ TVကြည့်နေတုန်း
ဖုန်းက လင်းလာတာကြောင့်ယူကြည့်
လိုက်တော့

"ဟက် ပိုးစုန်းကြူ နင်ပို့တဲ့ဟာတွေကတစ်နေ့
နင့်ဘဝကိုနင်းချေမယ်ဆိုတာ မသိဘူးလား
နင်ကလည်တယ် တပတ်မပြည့်ဘူး ဟားဟား"

နေကြာဖုန်းပိတ်ကာTv ဆက်ကြည့်နေလိုက်
သည်

တစ်ဖက်တွင်

ပိုးစုန်းကြူး သူနဲ့ ရိုးမြေကျရဲ့ တူတူနေ နေတဲ့ပုံကို
နေကြာစီ ပို့လိုက်ပြီးပြုံးနေသည်

* သေအောင်ငိုနေလိုက်ပျော့ညံ့တဲ့ကောင် *

ပိုးစုန်းကြားဖုန်းပိတ်ကာ ကုတင်ပေါ်တွင်
ထိုင်နေလိုက်သည် သူရိုးမြေကျဆိုတဲ့လူကို
ကျောင်းထဲက သဘောကျခဲ့တာ အိမ်ထောင်
ပြု မယ်ဆိုတဲ့သတင်းကြောင့် မင်္ဂလာပွဲကို
ရအောင်တက်ခဲ့တယ် ဟိုအခြောက်ထက်
ပိုတဲ့ဂရုစိုက်မှူသာယာမှူတွေဘဲပေးခဲ့တယ်
ခုတော့ ကိုကို က ငါ့ဘက်မှာ

At morning

ရိုးမြေကျ ညက ပိုးအိမ်မှာအိပ်ပြီး မနက်စောစောပြန်ဖို့ပြင်ပေမယ့် ပို့ကြောင့် မနက်ခင်း
အချစ်ပင်လယ်ကူးခဲ့ရသေးတယ်
သူအိမ်ထဲဝင်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ နေကြာကိုတွေလိုက်သည်

"ပြန်လာပြီးလား မောင်.. "

"အင်း နေကြာ ညက အလုပ်နောက်ကျသွားလို့ ဟိုမှာဘဲအိပ်လိုက်တယ် "

"တော်တော် ပင်ပန်းမှာဘဲနော် အဟင်း"

"ဟမ်.. အမ် ဒါပေါ့ "

"ရေအရင်သွားချိုးမောင် ပြီးရင်ပြောစရာရှိတယ်"

နာရီဝက်အကြာ

"ထိုင်မောင် ရော့ဒီပုံတွေကိုကြည့်"

နေကြာမောင့်အရှေ့ဖုန်းချပေးလိုက်သည်

ရိုးမြေကျ ဖုန်းကိုကြည့်လိုက်တော့ တုန်လှုပ်သွားသည်

"နေကြာ..ဒါ ဒါက.. "

"အင်း.မောင့်မယားပို့နေတာလေ "

"မောင်...မောင်.. တောင်းပန်ပါတယ် "

"ငါ့ကိုကြည့်မောင် ငါမောင့်ကိုစိတ်ဆင်းရဲအောင်လုပ်ဖူးလား "

နေကြာ / နကွော (Uni/Z) (completed)Where stories live. Discover now