part6

11K 701 17
                                    

မှိုင်း သူ့တပည့်ပို့တဲ့ vd ကိုကြည့်ကာပြုံးလိုက်သည် သူ ရိုးမြေရဲ့လုပ်ငန်းတွေကိုဝင်ရှူတ် နေတာ
ရက်အနည်းငယ်ရှိပြီး မှိုင်း သည်းညှာစီဖုန်းခေါ်လိုက်သည်

📱ဟယ်လို ကိုကိုကြီးပြောလေ📱

📱သည်ငယ်အဆင်ပြေရဲ့လား📱

*ကိုကိုကြီးကသိသွားတာလား ငါတို့အကြောင်း*

📱aww စားထားတာတွေများတော့ နေရတာအဆင်ပြေလားလို့📱

📱ပြေတယ် ကိုကိုကြီး📱

"ဒေါက်ဒေါက် "

📱ကိုကိုကြီးချစ်တယ်နော် မနက်ဖြန်တွေ့မယ်
မွ📱

နေကြာ ဖုန်းချပြီးတံခါးဖွင့်လိုက်တော့ ရိုးမြေ

"ဘာလဲ "

"မင်းဘယ်သူနဲ့ဖုန်းပြောနေတာလဲ "

"မောင်နဲ့ဆိုင်လား ခုဘာကိစ္စသလဲ"

"ဟိုဘက်အခန်းက ကျဉ်းတယ် ပိုးကအိပ်မတတ်ဘူး အဲ့တော့ဒီအခန်းကဖယ်ပေး"

"Sorry ဘဲ မောင် လုံးဝမဖယ်နိုင်ဘူး သွားတော့"

နေကြာ ရိုးမြေကိုအခန်းပြင်တွန်းထုတ်ကာတံခပိတ်လိုက်သည်

"နေကြာ!! တံခါးဖွင့် ဒုန်းး!!"

အပြင်က တံခါးထူနေပေမယ့်နေကြာမကြားချင်ယောင်ဆောင်ကာအိပ်လိုက်သည်

At morning

နေကြာနိုးတာနဲ့ ရေမိုးချိုးပြီးမနက်စာစားရန်ဆင်းလာလိုက်သည် သူထမင်းစားခန်းရောက်တော့
ပိုးစုန်းကြူး ကရောက်နေပြီး

"မယားငယ် မလေးက အရမ်းသိတတ်လို့
မောင်က သဘောကျနေတာနေမယ် "

"အဟင်း... နေကြာ ကိုကိုက ညက ပင်ပန်းထားတယ်လေ အဲ့ဒါကြောင့် ငါကသိတတ်ပေးရတာပေါ့"

"ငါသိပြီး မောင်ဘာလို့နင့်ကိုသဘောကျလဲဆိုတာ နင်ကအိပ်ရာပေါ်မှာတင် ကောင်းတာမဟုတ်ဘူး ပြန်ပြုစုတဲ့နေရာမှာလဲတော်လို့ဘဲ "

"နင်သဝန်မတိုဘူးလား"

"သဝန်တိုရအာင်နင်နဲ့ငါကအဆင့်ချင်းတူလို့လား"

"တောက်...ဒါဆိုကွာရှင်းလိုက်လေ ကိုကိုက
နင့်ကို စိတ်မပျက်သေးတော့ နင့်ဘက်ကအရင်ကွာလိုက် "

နေကြာ / နကွော (Uni/Z) (completed)Where stories live. Discover now