part 7

11.3K 736 7
                                    

နေကြာ ကိုကိုကြီးစီသာထွက်လာလိုက်သည်
မဟုတ်ရင်သူလူသတ်မိတော့မယ် ကိုကိုကြီး
ကုမ္ပဏီရောက်တာနဲ့အခန်းထဲတန်းဝင်သွားလိုက်သည်

"ဝုန်း "

"အမလေး...ဟင်သည်းညှာ "

မျက်နှာကြီးရဲကာ ဒေါသထွက်နေတဲ့သည်းညှာနား မှိုင်းထသွားလိုက်သည်

"သည်းညှာ ဘာဖြစ်လာတာလဲ"

"တောက် ရာရာစစ ဒေါသထွက်လိုက်တာ
နှစ်ယောက်လုံးကို နေရာမှာတင်းသတ်လိုက်
ချင်တာ "

"ဟင်း ကို ကြားဖူးတာတစ်ခုရှိတယ်
မင်းဘယ်လောက်ဘဲချစ်ချစ်
အဲ့အရာဟာမင်းတွက်မဟုတ်ဘူးဆိုတာ
သေချာရင် မင်းလက်လွတ်ပစ်ရမယ်
ပျော်ရွှင်ခြင်းတွေအများကြီးရှိနေရက်နဲ့
အဲ့ဒီမပျော်ရွှင်ခြင်းကိုဘဲ
ဖက်တွယ်ထားတာက
ကိုယ့်သေတွင်းကိုယ်တူးတာနဲ့တူတူဘဲတဲ့
ကိုပြောတာနားလည် သည်းညှာ
သူတို့ကိုမကျေနပ်လို့ သည်းညှာ
ဒေါသမထွက်နဲ့ကလဲစားချေမယ်လို့မတွေးနဲ့
သည်းညှာဘဲပင်ပန်းမယ် သည်းညှာဖြစ်ချင်တာအားလုံး ကို ကလုပ်ပေးမယ် သူတို့ကိုလက်
လွှတ်လိုက်တော့"

နေကြာ ကိုကိုကြရင်ခွင်ထဲတိုးဝင်လိုက်သည်

"ဆုတောင်းပြည့်ခဲ့တာဘဲ"

"ဘာကိုလဲသည်းညှာ"

"သည်းညှာပြောရင် ကိုကိုကြီးကယုံမှာလား"

"ယုံတယ် "

"အင်းပြောပြမယ် အမှန်က သည်းညှာကလေ.."

ပြန်လည်မွေးဖွားလာတဲ့အကြောင်းတွေနဲ့အရင်ကဖြစ်ခဲ့တာတွေရှင်းပြတော့ ကိုကိုကြီးက
အာရုံစိုက်နားထောင်နေသည်

"အဲ့ဒါဘဲ "

"ဒါဆို သည်းညှာက ခုအချိန်နောက်ပြန်ရောက်လာတာပေါ့"

"အင်း ဟုတ်တယ် ကိုကိုကြီးယုံလားဟင်"

မှိုင်း နေကြာကိုရင်ခွင်ထဲဖက်လိုက်သည်

"ယုံတယ် ဒါကြောင့် သည်းညှာပုံစံပြောင်းလဲတယ်လို့ထင်နေတာကို သည်းညှာ ကို လုပ်ခဲ့တဲ့သူတို့ကို ကိုယ်ကဘဲ လမ်းဘေးရောက်အောင်
လုပ်ပေးမယ် သည်းညှာက ခုချိန်ကစပြီး
ကို့နားမှာဘဲနေ"

နေကြာ / နကွော (Uni/Z) (completed)Where stories live. Discover now