~Falling Sky n Star~ SeungIn

1.7K 62 123
                                    


"ချစ်တယ်..ကလေးငယ်.."

သူထွက်သွားပြီးတဲ့နောက်မှာ
ထိုကောင်လေးသိပ်ချစ်ရတဲ့ ကလေးငယ်ရဲ့
မျက်လုံးလေးတွေဆီက
မျက်ရည်စက်တွေက အသိအမှတ်ပြုမခံရစွာပဲ
ကြွေလွင့်တယ်..။

"တောင်းပန်ပါတယ်..hyung.."

~•~•~•~•~•~•~•~

Seungmin

"Jeongin..ah..ညစာစားရအောင်"

"ဟင့်အင်း hyung ကျွန်တော်မဆာသေးဘူး"

ညစာအတူတူစားဖို့ကိုငြင်းဆိုပြီး စောင်ပုံထဲပြန်ဝင်သွားတဲ့ကလေးငယ် ကိုကြည့်ပြီး သက်ပြင်းချမိတယ်..

ဒီညလဲ တစ်ယောက်ထဲစားရပြန်ပြီ..

လွတ်နေတဲ့ထိုင်ခုံလေးရှေ့မှာချထားတဲ့ ထမင်းပန်းကန်လေးကို အသိလွတ်စွာပဲစိုက်ကြည့်နေမိတယ်.. စားပွဲပေါ်မှာရှိနေတဲ့ထမင်းဝိုင်းလေးကတော့ အေးစက်လို့...

ဘယ်အရာကများ သူ့တို့ဆက်ဆံရေးကို ဒီလိုအေးစက်စေခဲ့တာပါလိမ့်..

စားချင်စိတ်မရှိစွာ ထမင်းပန်းကန်ကို ဟိုထိုးဒီဆွလုပ်ရင်း အသည်းအသန် ပြန်စဉ်းစားတယ်..

ဘာပြဿနာမှလဲရေရေရာရာမရှိခဲ့ပါပဲ
ဝေးကွာသွားကြတဲ့ သူတို့နှစ်ယောက်..

ကလေးငယ်ကို သူဘယ်လောက် သဘောကျကြောင်းလဲ သိပါရက်နဲ့ သူ့အပေါ်တစ်ဖြေးဖြေး စိမ်းကားလာနေတဲ့ ငယ်လေးကို
နားမလည်နိုင်တော့..

ကလေးငယ်က သူ့အတွက် အရေးပါလွန်းတဲ့
ဖြစ်တည်မှုလေး ဆိုတာသိပါရက်နဲ့ သူ့ကိုအဝေးကို တွန်းပို့ချင်နေသလိုအပြုအမူတွေ..

ဒီလိုအပြုအမူတွေက ဘယ်လိုသဘောမျိုးသက်ရောက်နေလဲ ဆိုတာကို သူသိနေပါသည်..
သို့ပေမဲ့ လက်မခံချင်..
အသိစိတ်ကတဖွဖွ သတိပေးနေတဲ့အသံကို
ခေါင်းမာစွာနဲ့ သူ ငြင်းဆိုသည်..။

လုံးဝရှိမနေတော့တဲ့စားချင်စိတ်ကြောင့်
အမှိုက်ပုံးထဲကို ထပ်ရောက်သွားပြန်တဲ့ အစားအစာများ..

သူသဘောအကျဆုံးနေရာဖြစ်တဲ့ dormရဲ့ခေါင်မိုးထပ်ကို တက်သွားပြီး လှဲချကာ
မှိတ်တုပ်မှိတ်တုပ် လင်းလက်နေတဲ့ကြယ်လေးတွေကို ရေတွက်သည်...။

Stray Kids || NovelettesWhere stories live. Discover now