~ᴘᴇʀғᴇᴄᴛɪᴏɴ~ SeungLix

1K 58 242
                                    

ʸᵒᵘ ᵃʳᵉ ˢᵒ ᵖᵉʳᶠᵉᶜᵗ ᶠᵒʳ ᵐᵉ

~•~•~•~•~•~•~•~

"Lee Felix"

သူ့အရှေ့မှာ ရပ်နေတဲ့ မထုံတက်ထေးမျက်နှာနဲ့
ကောင်လေးတစ်ယောက်။

မျက်နှာမှာ ဒဏ်ရာအချို့ရှိနေပေမဲ့ အဲ့ဒီ့ဒဏ်ရာတွေက ချောလွန်းလှတဲ့ ထိုကောင်လေးရဲ့ မျက်နှာကို ကြည့်ရမဆိုးစေပါ။

"ကျောင်းတွင်း ကျောင်းသားတွေနဲ့ ရန်ဖြစ်တယ်
မင်းကို အမှတ်7မှတ်လျှော့တယ် ညနေရုံးခန်းကို လာခဲ့ပါ"

ခပ်တည်တည်မျက်နှာပေးနဲ့ Seungminက ပြောပြီးတာနဲ့ လှည့်ထွက်ခဲ့၏။

သူဒီ Felixဆိုတဲ့ တစ်ယောက်ကို သဘောမကျ။ သူ့ရဲ့မျက်နှာလေးက ချောလွန်းနေသည်ဆိုတိုင်း ဒီကမ္ဘာကြီးရဲ့ အဓိကဇာတ်လိုက်လိုလို ဘာလိုလိုလုပ်နေတတ်တဲ့သူ။

အမှန်လဲ Felixဆိုတာ သူတို့ကျောင်းရဲ့Kingပင်။
သို့သော်လည်း Seungminက အဲ့ဒီ့တစ်ယောက် King ဖြစ်နေတာကို သဘောမကျပါ။

Felixဆိုတဲ့ တစ်ယောက်က ကျောင်းတွင်းရန်ပွဲတွေလဲ အမြဲ ဖန်တီးတတ်သလို မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲ၍ ပွေရှုပ်သည့် နေရာမှာလဲ နာမည်ကြီး၏။

Seungminအတွက်ကတော့ အဲ့လို စိတ်ပျက်ချင်စရာ ကောင်းလွန်းလှတဲ့ Lee Felixအစား။
တတိယနှစ်က Lee Minhoဆိုတဲ့ စီနီယာအကိုကြီးကိုပဲ Kingပေးလိုက်ချင်သည်။

Lee Minhoက စာလဲအရမ်းတော်သလို ရုပ်ရည်မှာလဲ နတ်သမီးရှုံးအောင်.အဲ..နတ်သားရှုံးအောင်
ချောလွန်း လှလွန်းသည်လေ။

ဒါအပြင် Lee Minhoက ဆရာဆရာမတိုင်းရဲ့ အချစ်ခံလေး။ Seungminတောင် အရမ်းအားကျရပါ၏။

Lee Minho ပဲ Kingဖြစ်သင့်သည် ဟုတွေးရတဲ့
Kim Seungminရဲ့ အရေးအပါဆုံး အကြောင်းအရင်းတစ်ခုက သူကLee Minhoကို ကြိတ်crushနေရသည်မို့။

"Seungmin..ပြန်ရောက်လာပြီလား.."

"ဟုတ်..ကဲ့...hyung"

သူနဲ့တွေ့တာနဲ့ ပါးလေးတွေနီပြီး ရှက်နေတတ်တဲ့ကောင်လေးကို Minhoက သူ့အပြုံးလေးနဲ့ပဲ ပြုံးပြသည်။

Stray Kids || NovelettesWhere stories live. Discover now