~Bʟᴜʀʀʏ ʟɪɴᴇs~ SeungBin

1K 38 79
                                    

I want him,so I rebuild him.

သည်းထန်စွာရွာသွန်းနေသော မိုးရေတွေနဲ့အတူ တစ်ချိန်က ခါးသီးတဲ့အမှတ်တရတွေကို ပြန်ပြီး ရှာဖွေမိပြန်၏။
ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ရှင်သန်ချင်စိတ်နဲ့ ခံစားချက်မရှိတော့တဲ့ ဘဝ စတင်ခဲ့တဲ့အချိန်..

"Minရယ်.. ကျေးဇူးပြုပြီး ကိုယ့်ကို မထားခဲ့ပါနဲ့ .. ကိုယ်တို့ ဘယ်တော့မှ ခွဲမှာမဟုတ်ဘူးလို့ သစ္စာဆိုခဲ့တယ်လေ ကျေးဇူးပြုပြီး... "

" ဒါပေမဲ့.. ငါကတော့ ခင်ဗျားကို ကစားရုံပဲကစားခဲ့တာ .. ငါ့ဘဝအပျက်ခံပြီးထိ ခင်ဗျားနောက်ကို လိုက်ခဲ့ဖို့မစဉ်းစားထားဘူး.."

သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေတွေထဲမှာပဲ သူအချစ်ရဆုံးကောင်လေးက သူ့ကို ထားခဲ့သည်။
တစ်ချက်မှတောင် မတွန့်ဆုတ်ခဲ့ပါပဲ .. တစ်ချက်မှတောင် လှည့်မကြည့်ခဲ့ပါပဲ.. စိမ်းကားစွာ..
ရက်စက်စွာ..။

"စိတ်ထဲကမပါတဲ့ စကားတွေကို မပြောပါနဲ့..
Minရယ် ကျေးဇူးပြုပြီး ကိုယ့်ဆီပြန်လာခဲ့ပေးပါ.. ကိုယ် တစ်ချိန်လုံးတောင်းပန်နေမှာ..
မင်းကိုယ့်ကို ပြန်လက်ခံလာတဲ့အထိ..."

တစ်လှမ်းချင်းစီ ဝေးကွာသွားအောင် လျှောက်နေတဲ့ ကောင်လေးဟာ အနောက်ကနေ အော်ဟစ်ပြောဆိုနေတဲ့ သူ့ရဲ့စကားသံတွေကို အနည်းငယ်မျှ အာရုံမစိုက်ခဲ့ပါ..။

ကျောခိုင်းသွားတဲ့ကောင်လေးရဲ့ ပုံရိပ်လေး တံခါးနောက်မှာ ပျောက်ကွယ်သွားပြီးတဲ့အထိ မျက်ရည်တွေရစ်ဝိုင်းနေရတဲ့ မျက်ဝန်းတွေနဲ့ Changbinက အချိန်အတော် ကြာအောင် ငေးကြည့်ခဲ့ပါ၏။

သို့ပေမဲ့ သူဟာ ဒူးထောက်နေရတဲ့နေရာကနေ ထသွားခြင်းမပြု ခေါင်းမာစွာဖြင့်သာ ဆက်၍ ဒူးထောက်သည်။ Changbinက သူဒီမှာ အချိန်တစ်ခုကြာသွားပြီးတဲ့အထိ ဒူးထောက်တောင်းပန်နေခဲ့ရင် သူ့ရဲ့Min သူ့ဆီပြန်လာခဲ့လိမ့်မယ် ဆိုတဲ့ယုံကြည်ချက်ဖြင့်။

ခန္ဓာကိုယ်တစ်ခုလုံးစိုရွဲနေပြီး အေးစက်လာတာတောင်မှ အနည်းငယ်လေးမျှပင် ရွှေ့လျားခြင်းမပြုခဲ့ပါ..။

ထိုအချိန်တုန်းကလို အခုလဲ သူက အေးစက်နေတဲ့နေရာမှာ ကြမ်းပြင်ပေါ်မှာပဲထိုင်လို့..။

You've reached the end of published parts.

⏰ Last updated: Apr 18 ⏰

Add this story to your Library to get notified about new parts!

Stray Kids || NovelettesWhere stories live. Discover now